သူကြီး 3:3 - Judson Bible in Zawgyi Version3 ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ဖိလိတ္တိမင်း ငါးပါးအပါအဝင် ခါနာန်လူမျိုးအားလုံး၊ ဆီဒုန်လူမျိုးနှင့် ဗာလဟေရမုန်တောင်မှ လီဘိုဟာမတ်တိုင်အောင် လက်ဘနွန်တောင်တစ်လျှောက်တွင် နေထိုင်ကြသောဟိဝိလူမျိုး တို့ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တုမြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်နှစ်လီ၊ တစ်ဆယ်လေးရက်ပတ်လုံး ပွဲခံတော်မူ၏။
ထိုလူငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန်အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကိုလည်းကောင်း၊ ဆုံးမပိုင်သောမင်းမရှိကြောင်းကိုလည်းကောင်း၊ ဇိဒုန်အမျိုးသားတို့နှင့်ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကိုလည်းကောင်းကြည့်ရှုပြီးမှ၊