သူကြီး 18:8 - Judson Bible in Zawgyi Version8 အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 သူတို့သည် အမျိုးသားချင်းတို့ရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်ရောက်သောအခါ အမျိုးသားချင်းတို့က “အခြေအနေ မည်သို့နည်း”ဟု မေးမြန်းကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ထိုသူငါးယောက်တို့သည်ဇောရာမြို့နှင့် ဧရှတောလမြို့တို့သို့ပြန်လည်ရောက်ရှိ ကြသောအခါ အမျိုးသားချင်းတို့က``သင် တို့အဘယ်သို့စုံစမ်းတွေ့ရှိခဲ့ရသနည်း'' ဟုမေးမြန်းကြ၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှာ မိမိတို့အမျိုးသား ခွန်အားကြီးသော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကိုသွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်ပြီးလျှင် တည်းခို၍ နေကြ၏။
ထိုလူငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန်အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကိုလည်းကောင်း၊ ဆုံးမပိုင်သောမင်းမရှိကြောင်းကိုလည်းကောင်း၊ ဇိဒုန်အမျိုးသားတို့နှင့်ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကိုလည်းကောင်းကြည့်ရှုပြီးမှ၊