Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 18:3 - Judson Bible in Zawgyi Version

3 မိ​က္ခာ​အိမ်၌ ရှိ​စဉ်​အ​ခါ၊ လေ​ဝိ​လု​လင်၏ စ​ကား​သံ​ကို​မှတ်​မိ၍၊ သူ့​နေ​ရာ​သို့​ဝင်​လျှင်၊ သင်​သည် ဤ​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ရောက်​သ​နည်း။ ဤ​သူ​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ဘယ်​သို့​လုပ်၍ နေ​သ​နည်း​ဟု​မေး​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 သူ​တို့​သည် မိက္ခာ​၏​ဝတ်ကျောင်း​၌​ရှိ​စဉ် လေဝိ​လူငယ်​၏​အသံ​ကို သတိထား​မိ​သဖြင့် သူ့​ထံသို့​သွား​၍ “​သင့်​ကို​ဤ​အရပ်​သို့ မည်သူ​ခေါ်လာ​သနည်း​။ သင်​သည် ဤ​နေရာ​၌ ဘာ​လုပ်​နေ​သနည်း​။ သင်​သည် အဘယ်ကြောင့်​ဤ​အရပ်​၌​ရှိ​နေ​သနည်း​”​ဟု မေးမြန်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ထို​အိမ်​တွင်​ရှိ​နေ​စဉ်​လူ​တို့​သည်​လေဝိ​လူ ငယ်​ပြော​ဆို​သည့်​စ​ကား​သံ​ကို​သ​တိ​ထား မိ​ကြ​သ​ဖြင့် သူ့​ထံ​သို့​သွား​ပြီး​လျှင်``သင် သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​နေ ပါ​သ​နည်း။ သင့်​အား​ဤ​အ​ရပ်​သို့​အ​ဘယ် သူ​ခေါ်​ဆောင်​လာ​ပါ​သ​နည်း'' ဟု​မေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 18:3
6 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​ချဉ်း​ကပ်​၍၊ အ​ဘ​သည်​စမ်း​သပ်​လျက်၊ အ​သံ​ကား ယာ​ကုပ်၏​အ​သံ၊ လက်​တို့​ကား​ဧ​သော၏​လက်​ဖြစ်​ပေ​သည်​ဟု ဆို​လေ၏။


မြင့်​သော​အ​ရပ်၌ ကိုယ်​သင်္ချိုင်း​တွင်း​ကို ထွင်း၍၊ ကိုယ်​နေ​ရာ​ကို ကျောက်၌​ထု​လုပ်​သော​သူ၊ သင်​သည် ဤ​အ​ရပ်၌ သင်္ချိုင်း​တွင်း​ကို ကိုယ်​အ​ဖို့​ထွင်း​စေ​ခြင်း​ငှာ၊ ဤ​အ​ရပ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဤ​အ​ရပ်​သား​တို့​တွင် အ​ဘယ်​သူ​နှ​င့် ဆိုင်​သ​နည်း။


ထို​နောက် များ​မ​ကြာ ထို​အ​ရပ်၌​ရပ်​နေ​သော သူ​တို့​သည် ပေ​တ​ရု​အ​နီး​သို့ လာ၍၊ အ​ကယ်​စင်​စစ် သင်​သည်​လည်း ထို​သူ​တို့​အ​ဝင် ဖြစ်၏။ သင့်​စ​ကား​သည် သင့်​အ​ကြောင်း​ကို ထင်​ရှား​စေ၏​ဟု ဆို​ကြ​လျှင်၊-


သူ​တို့​က၊ ရှိ​ဗော​လက်​ဟူ​သော စ​ကား​ကို ပြော​တော့​ဟု​ဆို​သော်၊ ဧ​ဖ​ရိမ်​လူ​သည် ထို​စ​ကား​ကို ပီ​အောင် မ​ပြော​တတ်​ဘဲ သိ​ဗော​လက်​ဟု ပြော၏။ ထို​သို့​ပြော​သော​သူ​ကို ဖမ်း​ဆီး၍ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်၌ သတ်​ကြ၏။ ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား လေး​သောင်း​နှစ်​ထောင်​သေ​ကြ၏။


သို့​ဖြစ်၍ ဒန်​အ​မျိုး​သား​တို့​သည် ပြည်​ကို ကြည့်​ရှု​စူး​စမ်း​စေ​ခြင်း​ငှာ မိ​မိ​တို့​အ​မျိုး​သား ခွန်​အား​ကြီး​သော သူ​ရဲ​ငါး​ယောက်​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ် ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ စေ​လွှတ်​လျက်၊ ပြည်​ကို​သွား၍ စူး​စမ်း​ကြ​လော့​ဟု မှာ​လိုက်​ကြ​သည်​အ​တိုင်း၊ သူ​တို့​သည် ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​ပြီး​လျှင် တည်း​ခို၍ နေ​ကြ၏။


ထို​သူ​က၊ မိ​က္ခာ​သည် ဤ​မည်​သော​အ​မှု ဤ​မည်​သော​အ​ရာ​ကို ပေး၍ ငါ့​ကို​ငှား​သ​ဖြင့်၊ ငါ​သည် သူ၏​ယဇ်​ပု​ရော​ဟိတ် လုပ်​နေ​သည်​ဟု ပြန်​ပြော၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ