Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 18:2 - Judson Bible in Zawgyi Version

2 သို့​ဖြစ်၍ ဒန်​အ​မျိုး​သား​တို့​သည် ပြည်​ကို ကြည့်​ရှု​စူး​စမ်း​စေ​ခြင်း​ငှာ မိ​မိ​တို့​အ​မျိုး​သား ခွန်​အား​ကြီး​သော သူ​ရဲ​ငါး​ယောက်​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ် ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ စေ​လွှတ်​လျက်၊ ပြည်​ကို​သွား၍ စူး​စမ်း​ကြ​လော့​ဟု မှာ​လိုက်​ကြ​သည်​အ​တိုင်း၊ သူ​တို့​သည် ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​ပြီး​လျှင် တည်း​ခို၍ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ထို့ကြောင့် နယ်မြေ​ကို​စူးစမ်း​ရှာဖွေ​ရန် ဒန်​အမျိုးသား​တို့​သည် ဇောရာ​မြို့​၊ ဧရှတောလ​မြို့​ရှိ မိမိ​တို့​မျိုးနွယ်စု​အားလုံး​ထဲမှ ရဲစွမ်းသတ္တိ​ရှိ​သူ​ငါး​ယောက်​အား “​နယ်မြေ​ကို သွား​ရှာ​ကြ​လော့​”​ဟု မှာကြား​၍ စေလွှတ်​လိုက်​၏​။ ထို​သူ​တို့​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ မိက္ခာ​ဝတ်ကျောင်း​သို့​ရောက်​၍ ညအိပ်နား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဒန်​အ​မျိုး​သား​တို့​သည်​နယ်​မြေ​ကို​စူး​စမ်း ရှာ​ဖွေ​ရန် မိ​မိ​တို့​အ​နွယ်​ဝင်​အိမ်​ထောင်​စု အ​ပေါင်း​မှ အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ငါး ယောက်​ကို​ရွေး​ချယ်​၍​ဇော​ရာ​မြို့​နှင့်​ဧ​ရှ တော​လ​မြို့​တို့​မှ​စေ​လွှတ်​လိုက်​ကြ​၏။ ထို သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ​ဖြစ်​သော ဧ​ဖ​ရိမ်​ပြည်​သို့​ရောက်​လာ​သော​အ​ခါ မိက္ခာ​၏​အိမ်​တွင်​တည်း​ခို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 18:2
20 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည်​သူ​တို့​အ​ကြောင်း​နှင့် မြင်​ရ​သော​အိပ်​မက်​တို့​ကို အောက်​မေ့​လျက်၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏။ ပြည်​တော်၌ အား​နည်း​သော​အ​ရပ်​ကို ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​လျှင်၊


အ​ကြံ​ရှိ​သော​သူ​သည် သူ​တစ်​ပါး​နှင့်​တိုင်​ပင်​လျှင်၊ အ​ကြံ​ထ​မြောက်​တတ်၏။ ကောင်း​သော​တိုင်​ပင်​ခြင်း​ရှိ​မှ​သာ စစ်​မှု​ကို​ပြု​ရ​မည်။


ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​လျက်၊ သင်​တို့​သည် တောင်​မျက်​နှာ​လမ်း​ဖြင့်​သွား၍ တောင်​ရိုး​ပေါ်​သို့​တက်​ကြ​လော့။


တ​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော ရှင်​ဘု​ရင်​သည် အ​ခြား​သော​ရှင်​ဘု​ရင်​နှင့် စစ်​ပြိုင်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ လူ​နှစ်​သောင်း​နှင့် ချီ​လာ​သော ရှင်​ဘု​ရင်​ကို လူ​တစ်​သောင်း​နှင့် ခံ​နိုင်​မည် မ​ခံ​နိုင်​မည်​ကို ရှေ့​ဦး​စွာ​ထိုင်၍ မ​ဆင်​ခြင်​ဘဲ နေ​မည်​လော။-


ချိုင့်၌​လည်း ဧ​ရှ​တော​လ​မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊


သူ​တို့​အ​မွေ​ခံ​ရ​သော မြို့​များ​ဟူ​မူ​ကား၊ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊


နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။


ပြည်​သား​အ​ချို့​တို့​က​လည်း၊ ဤ​ပြည်​ကို စူး​စမ်း​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ချို့​တို့​သည် ယ​နေ့​ည​မှာ မြို့​တွင်း​သို့ ဝင်​ပါ​ပြီ​ဟု ယေ​ရိ​ခေါ​မင်း​ကြီး​အား လျှောက်​ကြား​ကြ​သည် ရှိ​သော်၊


ဒန်​အ​မျိုး၊ ဇော​ရာ​မြို့​သား မာ​နော်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။ သူ၏​မ​ယား​သည် မြုံ​သော​ကြောင့် သား​မ​ဖွား။


ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည်၊ ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​စပ်​ကြား၊ ဒန်​အ​မျိုး​တပ်၌ တစ်​ခါ​တ​လေ နှိုး​ဆော်​စ​ပြု​တော်​မူ၏။


သူ့​ညီ​များ၊ အ​ဆွေ​အ​မျိုး​များ အ​ပေါင်း​တို့​သည်​လာ၍ အ​လောင်း​ကောင်​ကို ထမ်း​သွား​ပြီး​လျှင်၊ ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​စပ်​ကြား​တွင် အ​ဘ​မာ​နော်၏ သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​အုပ်​စိုး​သ​တည်း။


မိ​က္ခာ​အ​မည်​ရှိ​သော ဧ​ဖ​ရိမ်​တောင်​သား​တစ်​ယောက် ရှိ၏။


ထို​အ​ခါ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ ဒန်​အ​မျိုး​သား​လူ​ခြောက်​ရာ​တို့​သည် စစ်​တိုက်​လက်​နက်​ပါ​လျက် ချီ​သွား​ကြ၏။


ထို​အ​ရပ်​မှ​သွား၍ ဧ​ဖ​ရိမ်​တောင်၌ မိ​က္ခာ​အိမ်​သို့ ရောက်​ကြ၏။


မိ​က္ခာ​အိမ်၌ ရှိ​စဉ်​အ​ခါ၊ လေ​ဝိ​လု​လင်၏ စ​ကား​သံ​ကို​မှတ်​မိ၍၊ သူ့​နေ​ရာ​သို့​ဝင်​လျှင်၊ သင်​သည် ဤ​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ရောက်​သ​နည်း။ ဤ​သူ​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ဘယ်​သို့​လုပ်၍ နေ​သ​နည်း​ဟု​မေး​သော်၊


အ​မျိုး​သား​ချင်း​ရှိ​ရာ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​သို့ ပြန်​လာ၍ အ​မျိုး​သား​ချင်း​တို့​က၊ သင်​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​မည်​နည်း​ဟု မေး​သော်၊


ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​သည်​ကာ​လ၊ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း၌ တည်း​ခို​သော လေ​ဝိ​လူ​တစ်​ယောက်​သည်၊ ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သူ မိန်း​မ​တစ်​ယောက်​ကို သိမ်း​ယူ၏။


ကျွန်ုပ်​တို့​သည် ယု​ဒ​ခ​ရိုင်​ဗက်​လင်​မြို့​မှ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း​သို့ သွား၏။ ကျွန်ုပ်​သည် ဧ​ဖ​ရိမ်​တောင်​သား ဖြစ်၏။ ဗက်​လင်​မြို့​သို့ ခ​ဏ​သွား​ပြီး​မှ ယ​ခု ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့​သွား၏။ အ​ဘယ်​သူ​မျှ ဧည့်​မ​ခံ​သေး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ