Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 15:5 - Judson Bible in Zawgyi Version

5 မီး​ရှူး​တို့​ကို မီး​ညှိ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့ စ​ပါး​လယ်​ထဲ​သို့ လွှတ်​လိုက်၍ စ​ပါး​ပင်​ကို​လည်း​ကောင်း၊ ကောက်​လှိုင်း​ကို​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း မီး​လောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထို့နောက် မီးတုတ်​ကို မီး​ညှိ​ပြီး ဖိလိတ္တိ​လူမျိုး​တို့​၏​ကောက်ပဲသီးနှံခင်း​ထဲသို့​လွှတ်​လိုက်​ရာ ကောက်လှိုင်း​များ​နှင့် ကောက်ပဲသီးနှံ​များ​သာမက စပျစ်ပင်​၊ သံလွင်ပင်​များ​ပါ​မ​ကျန် မီးလောင်ကျွမ်း​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ထို​နောက်​မီး​တုတ်​ကို​မီး​ညှိ​၍ ဖိ​လိတ္တိ​လယ် များ​ထဲ​သို့​မြေ​ခွေး​တို့​ကို​လွှတ်​လိုက်​လေ သည်။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ရိတ်​သိမ်း ပြီး​ဂျုံ​စပါး​တို့​ကို​သာ​မ​က​မ​ရိတ်​သိမ်း ရ​သေး​သည့်​ဂျုံ​ပင်​များ​ကို​ပါ​မီး​သင့် လောင်​ကျွမ်း​သွား​စေ​၏။ သံ​လွင်​ဥ​ယျာဉ် တို့​သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 15:5
5 ပူးပေါင်းရင်းမြစ်များ  

ဒု​တိ​ယ​အ​ကြိမ်​ခေါ်​သော်​လည်း​မ​လာ။ ထို​ကြောင့် ကျွန်​တို့​အား၊ ယွာ​ဘ၏​လယ်​သည် ငါ​တို့​နေ​ရာ နှင့်​နီး​ပြီ။ မု​ယော​စ​ပါး​ရှိ၏။ သွား၍​မီး​ရှို့​ကြ​ဟု စီ​ရင်​သည်​အ​တိုင်း အ​ဗ​ရှ​လုံ၏​ကျွန်​တို့​သည်​မီး​ရှို့​ကြ၏။


မီး​ရှို့​သော​အ​ခါ မြက်​ပင်​ကြောင့် အ​စဉ်​အ​တိုင်း​လျှောက်​၍​လောင်​လျက်၊ ကောက်​လှိုင်း၊ စ​ပါး​ပင်၊ လယ်၌​ရှိ​သော​အ​ရာ​တို့​ကို လောင်​လျှင်၊ မီး​ရှို့​သော​သူ​သည် အ​မှန်​လျော်​ရ​မည်။


သ​တ္တ​မ​နှစ်​တွင် လယ်​ကို​မ​လုပ်​ဘဲ အ​လွတ်​ထား​ရ​မည်။ သို့​ပြု​လျှင် ဆင်း​ရဲ​သော​အ​မျိုး​သား​ချင်း​တို့​သည်၊ စား​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​ကို​လည်း၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​ကို​လည်း ပြု​ရ​မည်။


သွား၍ မြေ​ခွေး​သုံး​ရာ​တို့​ကို ဖမ်း​ပြီး​မှ၊ မြေ​ခွေး​အ​မြီး တစ်​ခု​နှင့်​တစ်​ခု​ကို ပေါင်း​လျက်၊ အ​မြီး​နှစ်​ခု​ကြား၌ မီး​ရှူး​ကို​စည်း၍၊


ဖိ​လိ​တ္တိ​လူ​တို့​က​လည်း၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု မေး​မြန်း​သော်၊ တိ​မ​နတ်​မြို့​သား၏​သား​မက် ရှံ​ဆုန်​ပြု​ပြီ။ သူ၏​မ​ယား​ကို သူ၏​အ​ပေါင်း​အ​ဖော်​အား ပေး​စား​ပြီ​တ​ကား​ဟု ပြန်​ပြော​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ထို​မိန်း​မ​နှင့် သူ၏​အ​ဘ​ကို မီး​ရှို့​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ