Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 13:22 - Judson Bible in Zawgyi Version

22 မာ​နော်​က​လည်း၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​သော​ကြောင့်၊ ဆက်​ဆက်​သေ​တော့​မည်​ဟု မ​ယား​အား​ပြော​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 မာနော်​က မိမိ​မယား​အား “​ငါ​တို့​သည် ဘုရားသခင်​ကို တွေ့မြင်​ရ​ပြီ​ဖြစ်၍ အမှန်ပင်​သေ​ရ​တော့​မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 မာ​နော်​က​မိ​မိ​၏​ဇနီး​အား``ငါ​တို့​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​ပြီ​ဖြစ်​၍​အ​မှန် ပင်​သေ​ရ​ကြ​ပေ​တော့​အံ့'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 13:22
11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​ကို​ပေ​ညေ​လ​ဟူ၍၊ ယာ​ကုပ်​သည် သ​မုတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ ဖူး​မြင်​ရ​သော်​လည်း၊ အ​သက်​ချမ်း​သာ​ပြီ​ဟု ဆို​သ​တည်း။


ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို မြင်​ကြ၏။ ခြေ​တော်​အောက်၌ နီ​လာ​ကျောက်​ဖြင့်​ပြီး​သော ကျောက်​ခင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြည်​လင်​သော ကောင်း​ကင်​မျက်​နှာ​ကဲ့​သို့​လည်း​ကောင်း ထင်​လေ၏။


ထို​အ​ခါ မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​သည်​တက်၍၊


ငါ​သည်​သင့်​အ​ဘ၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့၊ မိ​မိ​မျက်​နှာ​ကို ဖုံး​လျက်​နေ၏။


သို့​ရာ​တွင် သင်​သည်​ငါ့​မျက်​နှာ​ကို မ​မြင်​နိုင်​ရာ။ ငါ့​မျက်​နှာ​ကို​မြင်​လျှင် အ​သက်​ရှင်​ရ​သော လူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ ဟူ၍​လည်း​ကောင်း၊


ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။


ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။


ခ​မည်း​တော်​သည်​လည်း ငါ့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။ ခ​မည်း​တော်၏​စ​ကား​သံ​တော်​ကို သင်​တို့​သည် မ​ကြား၊ သ​ဏ္ဌာန်​တော်​ကို မ​မြင်၊-


သင်​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ၍၊ ယ​နေ့​ပင်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​မြေ​ထဲ​သို့ သင်​တို့​ကို​သွင်း၍ အ​မွေ​ခံ​စေ​ခြင်း​ငှာ၊ မ​ဟာ​တန်​ခိုး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်​မှ ရှေ့​တော်၌​နုတ်​ဆောင်​တော်​မူ​ပြီ။


အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော အ​သံ​တော်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​သ​ကဲ့​သို့ အ​ဘယ်​လူ​သ​တ္တ​ဝါ​သည်​ကြား၍ အ​သက်​ရှင်​သ​နည်း။


ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို ဂိ​ဒေါင်​သည် သိ​မြင်​သော​အ​ခါ၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မျက်​နှာ​ချင်း​ဆိုင်၍ မြင်​ရ​ပါ​ပြီ​တ​ကား​ဟု လျှောက်​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ