သူကြီး 11:34 - Judson Bible in Zawgyi Version34 ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက် ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၏။ သူသည် တစ်ယောက်တည်းသောသမီးဖြစ်၍၊ သူမှတစ်ပါး သားသမီးမရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်34 ယေဖသသည် မိဇပါမြို့ရှိ မိမိအိမ်သို့ပြန်လာသောအခါ သူ၏သမီးသည် သူ့ကိုကြိုဆိုရန် ပတ်သာတီးလျက်၊ ကခုန်လျက် ထွက်လာလေ၏။ သူသည် တစ်ဦးတည်းသောသမီးဖြစ်၏။ ထိုသမီးမှလွဲ၍ သူ၌ အခြားသောသားသမီး မရှိ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version34 ယေဖသသည်မိဇပါမြို့နေအိမ်သို့ပြန်လာ သောအခါ သမီးဖြစ်သူသည်ပတ်သာကိုတီး ၍ကခုန်လျက် သူ့အားခရီးဦးကြိုပြုရန် ထွက်လာ၏။ သူသည်ကားတစ်ဦးတည်းသော သမီးဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းပတ္ထနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တစ်ယောက်တည်းသောသားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ သားဦးအတွက် အဘသည် နာကြည်းရကြလိမ့်မည်။