Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 1:3 - Judson Bible in Zawgyi Version

3 ယု​ဒ​သည် မိ​မိ​အစ်​ကို​ရှိ​မောင်​အား၊ ခါ​န​နိ​လူ​တို့​ကို​တိုက်​ခြင်း​ငှာ ငါ့​အ​မွေ​မြေ​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ။ သင့်​အ​မွေ​မြေ​သို့​လည်း သင်​နှင့်​အ​တူ ငါ​လိုက်​သွား​မည်​ဟု​ဆို​သည်​အ​တိုင်း ရှိ​မောင်​သည်​လိုက်​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထိုအခါ ယုဒ​အမျိုး​တို့​က မိမိ​တို့​အစ်ကို​ရှိမောင်​အမျိုး​တို့​အား “​ခါနာန်​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် ငါ​တို့​အမွေမြေ​သို့ ငါ​တို့​နှင့်အတူ ချီတက်​ပါ​လော့​။ ငါ​တို့​သည်​လည်း သင်​တို့​အမွေမြေ​သို့ သင်​တို့​နှင့်အတူ ချီတက်​မည်​”​ဟု ဆို​သဖြင့် ရှိမောင်​အမျိုး​တို့​လည်း သူ​တို့​နှင့်အတူ ချီတက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ယု​ဒ​အ​နွယ်​ဝင်​တို့​က​ရှိ​မောင်​အ​နွယ်​ဝင် တို့​အား``ငါ​တို့​အ​တွက်​သတ်​မှတ်​သည့်​ပြည်​သို့ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ။ ငါ​တို့​သည်​ခါနာန် ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ​မည်။ ထို​နောက် ငါ​တို့​သည်​သင်​တို့​အ​တွက်​သတ်​မှတ်​သည့် ပြည်​သို့​လိုက်​ခဲ့​ပါ​မည်'' ဟု​ပြော​ကြား​ကြ ၏။ သို့​ဖြစ်​၍​ရှိ​မောင်​အ​နွယ်​ဝင်​တို့​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 1:3
7 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ငါ​သည်​အ​မုန်း​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား ကြား​သော​ကြောင့်၊ ဤ​သား​ကို​လည်း ပေး​သ​နား​တော်​မူ​ပြီ​ဟု​ဆို​ပြီး​လျှင်၊ ထို​သား​ကို ရှိ​မောင်​အ​မည်​ဖြင့်​မှည့်​လေ၏။


ရှု​ရိ​လူ​တို့​သည် ငါ့​ကို​နိုင်​လျှင် ငါ​အား​ကူ​ရ​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သင့်​ကို​နိုင်​လျှင် သင့်​အား​ငါ​ကူ​မည်။


ဒု​တိ​ယ​တစ်​ကြိမ်​စာ​ရေး​တံ​ပြု၍၊ ရှိ​မောင်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ယု​ဒ​အ​မွေ​မြေ​အ​တွင်း၌ အ​မွေ​ခံ​ရ​ကြ၏။


ရှိ​မောင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ လေ​ဝိ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင် ၊ ဣ​သ​ခါ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊-


တစ်​ဖန် ယု​ဒ​သည် အစ်​ကို​ရှိ​မောင်​နှင့်​အ​တူ​သွား၍ ဇေ​ဖတ်​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို လုပ်​ကြံ၍ မြို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​လျှင်၊ ထို​မြို့​ကို​ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် ချီ​သွား​ရ​မည်။ ထို​ပြည်​ကို သူ၏​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။


ယု​ဒ​ချီ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တို့​ကို​အပ်​တော်​မူ​သ​ဖြင့်၊ ဗေ​ဇက်​မြို့၌ လူ​တစ်​ထောင်​ကို သတ်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ