Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယာကုပ်ဩဝါဒစာ 5:17 - Judson Bible in Zawgyi Version

17 ဧ​လိ​ယ​သည် ငါ​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ ဖြစ်​သော်​လည်း၊ မိုး​မ​ရွာ​မည်​အ​ကြောင်း အ​ထူး​သ​ဖြင့် ဆု​တောင်း​သော​အ​ခါ၊ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မြေ​ပေါ်​သို့ မိုး​မ​ရွာ​ဘဲ​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ဧလိယ​သည် ငါ​တို့​နည်းတူ သာမန်​လူသား​တစ်​ဦး​ဖြစ်​သော်လည်း မိုး​မ​ရွာ​မည့်​အကြောင်း ထက်သန်စွာ​ဆုတောင်း​သောအခါ သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်တိုင် မြေ​ပေါ်၌​မိုး​မ​ရွာ​ဘဲ​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယာကုပ်ဩဝါဒစာ 5:17
7 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။


ကာ​လ​အင်​တန်​ကြာ၍ သုံး​နှစ်​စေ့​သော​အ​ခါ၊ ဧ​လိ​ယ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​က၊ သင်​သည် အာ​ဟပ်​မင်း​အား​သွား၍ ကိုယ်​ကို​ပြ​လော့။ ငါ​သည်​လည်း မြေ​ပေါ်​မှာ​မိုး​ရွာ​စေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။-


ပေ​တ​ရု​သည် သူ့​ကို​ချီ​ပင့်​လျက်၊ ထ​လော့။ ငါ​ကိုယ်​တိုင် လူ​ဖြစ်​သည်​ဟု​ဆို၏။-


အ​ချင်း​လူ​တို့၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည် သင်​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ​ဖြစ်​ပါ၏။ သင်​တို့​သည် ဤ​အ​ချည်း​နှီး​သော​အ​ရာ​တို့​ကို ပယ်​ကြ၍၊ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍၊ အရပ်ရပ်တို့၌ရှိ​လေသ​မျှတို့ကို ဖန်ဆင်း​တော်​မူ၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​ရ​ကြ​မည်​အ​ကြော​င်း၊ ငါ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။-


ဘု​ရား​သ​ခင်​သည် အ​ထက်​က သိ​မှတ်​တော်​မူ​သော မိ​မိ​လူ​တို့​ကို ပယ်​တော်​မ​မူ။ ပ​ရော​ဖက်​ဧ​လိ​ယ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊-


ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ