Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယာကုပ်ဩဝါဒစာ 2:11 - Judson Bible in Zawgyi Version

11 သူ့​မ​ယား​ကို​မ​ပြစ်​မှား​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​သူ​က၊ လူ​အ​သက်​ကို မ​သတ်​နှင့်​ဟု ပ​ညတ်​တော်​မူ​သေး၏။ သို့​ဖြစ်၍ သင်​သည် သူ့​မ​ယား​ကို​မ​ပြစ်​မှား​ဘဲ​နေ​သော်​လည်း၊ လူ​အ​သက်​ကို သတ်​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သူ ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ”​ဟု ပညတ်​တော်မူ​သော​အရှင်​သည် “လူ​မ​သတ်​ရ”​ဟူ၍​လည်း ပညတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​သော်လည်း လူ​သတ်​လျှင် ပညတ်​တရား​ကို ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 အ​ဘယ်​ကြောင့်​ဆို​သော်``သူ့​အိမ်​ရာ​ကို​မ​ပြစ် မှား​နှင့်'' ဟု​မိန့်​တော်​မူ​သော​အ​ရှင်​သည် ``သူ့ အ​သက်​ကို​မ​သတ်​နှင့်'' ဟု​လည်း​မိန့်​တော်​မူ သော​ကြောင့်​ဖြစ်​၏။ သင်​သည်​သူ့​အိမ်​ရာ​ကို မ​ပြစ်​မှား​ဘဲ​နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ တွင်​လူ့​အ​သက်​ကို​သတ်​ပါ​မူ​ပ​ညတ်​တော် ကို​ချိုး​ဖောက်​ရာ​ရောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယာကုပ်ဩဝါဒစာ 2:11
11 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တ​ရား​ကို​မ​သိ၊ အ​ကျိုး​အ​ပြစ်​ကို မ​ရိပ်​မိ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မူ​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊


မင်း​သည်​လည်း တ​ရား​ကို​မ​သိ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊


အ​ဘယ်​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​မည်​နည်း​ဟု လျှောက်​ပြန်​သော်၊ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။-


သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ သူ့​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် မ​သိမ်း​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊-


သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူအသက်ကို မသတ်​နှင့်။ သူ့ဥ​စ္စာကို မခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊-


အ​ကြောင်း​မူ​ကား၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်၊ လူ​အ​သက်​ကို မ​သတ်​နှင့်၊ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်၊ မ​မှန်​သော သက်​သေ​ကို မ​ခံ​နှင့်၊ သူ့​ဥ​စ္စာ​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟူ​သော ပ​ညတ်​မှ​စ၍ အ​ခြား​သော ပ​ညတ်​ရှိ​သ​မျှ​တို့​သည်၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ခု၌ အ​ပါ​အ​ဝင် ဖြစ်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ