Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယာကုပ်ဩဝါဒစာ 1:14 - Judson Bible in Zawgyi Version

14 မိ​မိ​တပ်​မက်​သော​စိတ် ဆွဲ​ငင်​ဖြား​ယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​သွေး​ဆောင်​ခြင်း​သို့ ရောက်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 လူ​သည် မိမိ​တပ်မက်​ခြင်း​၏​ဆွဲငင်​ရာ​သို့​လိုက်​ပါ​လျက် လှည့်ဖြား​ဆွဲဆောင်​ခြင်း​ခံရ​ကာ ဖြားယောင်း​သွေးဆောင်​ရာ​သို့ ရောက်​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 လူ​သည်​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သည်​ဆို သည်​မှာ မိ​မိ​၏​ဆိုး​ညစ်​သော​လို​အင်​ဆန္ဒ​ဆွဲ ဆောင်​ရာ​သို့​လိုက်​ပါ​ခြင်း​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယာကုပ်ဩဝါဒစာ 1:14
24 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ပင်​သည် စား​ဖွယ်​ကောင်း​ခြင်း၊ အ​ဆင်း​လည်း​လှ​ခြင်း၊ ပ​ညာ​တိုး​ပွား​စေ​လို​သော​ငှာ၊ နှစ်​သက်​ဖွယ်​သော​အ​ပင်​ဖြစ်​ခြင်း​ကို မိန်း​မ​သည်​မြင်​လျှင်၊ အ​သီး​ကို ယူ၍​စား၏။ မိ​မိ​ခင်​ပွန်း​အား​လည်း​ပေး၍ သူ​သည်​လည်း​စား၏။


မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊


ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။


တစ်​ဖန် လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ ထို​မိန်း​မ​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့၍ ယှက်​တင်​လေ၏။ ထို​မိန်း​မ​သည် မိ​မိ​အ​ညစ်​အ​ကြေး​နှင့် စင်​ကြယ်​အောင်​ပြု၍ မိ​မိ​အိမ်​သို့​ပြန်​ပြီး​မှ၊


ငါ့​စိတ်​နှ​လုံး​သည် တိတ်​ဆိတ်​စွာ​နူး​ညွတ်၍ ငါ့​လက်​ကို ငါ​နမ်း​မိ​သော်​လည်း​ကောင်း၊


သူ့​မ​ယား​ကို ငါ​တပ်​မက်​မိ​သော်​လည်း​ကောင်း၊ အိမ်​နီး​ချင်း​တံ​ခါး​နား​မှာ ငါ​ချောင်း​မိ​သော်​လည်း​ကောင်း၊


နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။


သူ​သည် မီး​ဖို​ပြာ​ကို ကျက်​စား​တတ်၏။ မိုက်​သော​စိတ်​နှင့် လမ်း​လွဲ​ပြီ။ ထို​ကြောင့်၊ ကိုယ်​ဝိ​ညာဉ်​ကို ကိုယ်​မ​ချွတ်​နိုင်။ မိ​မိ​လက်​ယာ​လက်၌ မိ​စ္ဆာ​ဒိ​ဌိ​ပါ​သ​လော​ဟု မ​အောက်​မေ့​နိုင်​ပါ​တ​ကား။


အို ဣ​သ​ရေ​လ၊ သင့်​ကို ကယ်​တင်​နိုင်​သော​အ​ရှင် ငါ့​ကို သင်​သည် ဆန့်​ကျင်​ဘက်​ပြု​သော​ကြောင့် အ​ကျိုး​နည်း​ရှိ၏။


ခံ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ နှ​လုံး​ထဲ​က ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။-


လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​ကြ၏။ လက်​မ​ဆေး​ဘဲ​လျက် အ​စာ​ကို​စား​ခြင်း​မူ​ကား၊ လူ​ကို​ညစ်​ညူး​စေ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။


ထို​အ​ခါ မာရ်​နတ်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​သည် ယေ​ရှု​ကို တော​သို့​ပို့​ဆောင်​တော်​မူ၍၊-


ငါ​ပ​ညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မ​ယား​ကို​ကြည့်​ရှု​သော​သူ​သည် စိတ်​နှ​လုံး​ထဲ၌ ထို​မိန်း​မ​နှင့် ပြစ်​မှား​ပြီ။-


အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ​လျှင်၊ ငါ့​ကို​လှည့်​ဖြား၍ ထို​တ​ရား​အား​ဖြင့် ငါ့​ကို​သတ်​လေ၏။-


သို့​ဖြစ်​လျှင် ကောင်း​မြတ်​သော​အ​ရာ​သည် ငါ၌​သေ​ခြင်း​အ​ကြောင်း ဖြစ်​သ​လော။ မ​ဖြစ်​နိုင်​ရာ။ အ​ပြစ်​တ​ရား​သည် မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ​ခြင်း​ငှာ ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ၌​သေ​ခြင်း​ကို​ပြု၍ သေ​ခြင်း​အ​ကြောင်း​ဖြစ်၏။ ထို​သို့​ဖြစ်​သော​ကြောင့် အ​ပြစ်​တ​ရား​သည် ပ​ညတ်​တော်​အား​ဖြင့် အ​လွန်​အ​ပြစ်​နှင့် ပြည့်​စုံ​ခြင်း​ရှိ​သ​တည်း။


ဒု​စ​ရိုက်၏ လှည့်​ဖြား​ခြင်း​အား​ဖြင့် သင်​တို့ စိတ်​နှ​လုံး မ​ခိုင်​မာ​စေ​ခြင်း​ငှာ၊ ယ​နေ့​ဟူ၍ ခေါ်​ဝေါ်​သော​အ​ချိန်၊ နေ့​တိုင်း​အ​စဉ် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။


အ​ပြစ်​သွေး​ဆောင်​ခြင်း​ကို ခံ​ရ​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို​သွေး​ဆောင်​တော်​မူ​သည်​ဟု မ​ပြော​စေ​နှင့်။ မ​ကောင်း​သော​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို မ​သွေး​ဆောင်​နိုင်​ရာ။ ကိုယ်​တော်​သည်​လည်း အ​ဘယ်​သူ​ကို​မျှ အ​ပြစ်​သို့ သွေး​ဆောင်​တော်​မ​မူ။-


တပ်​မက်​သော​စိတ်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဒု​စ​ရိုက်​ကို​ဖွား​တတ်၏။ ဒု​စ​ရိုက်​သည်​လည်း ပြည့်​စုံ​လျှင် သေ​ခြင်း​ကို ဖွား​တတ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ