Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 8:11 - Judson Bible in Zawgyi Version

11 ဤ​လူ​မျိုး၏​ဘာ​သာ​ဓ​လေ့​အ​တိုင်း၊ ငါ​မ​ကျင့်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ပြ​လျက်၊ ငါ့​ကို သွန်​သင်၍ မိန့်​တော်​မူ​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 အကယ်စင်စစ် ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ကို ငါ့​အပေါ်​တင်​လျက် ဤ​လူမျိုး​၏​လမ်း​သို့​မ​လိုက်​ရန် ငါ့​ကို​ပဲ့ပြင်​တော်မူ​သည်​ကား

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​လိုက်​သည့် လမ်း​စဉ်​ကို​မ​လိုက်​ရန် ငါ့​အား​ကြပ်​မတ်​စွာ သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 8:11
10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ယ​အ​ပေါ်​မှာ​ရှိ၍၊ သူ​သည် ခါး​ပန်း​ကို​စည်း​လျက် အာ​ဟပ်​မင်း​အ​ရင် ယေ​ဇ​ရ​လ​မြို့​တံ​ခါး​ဝ​သို့​ပြေး​လေ၏။


သင့်​ကို ငါ​သွန်​သင်​မည်။ သင်​သွား​ရ​မည့်​လမ်း​ကို​ပြ​ညွှန်​မည်။ သင့်​ကို ကြည့်​ရှု​ပြု​စု​မည်။ ဉာဏ်​ပ​ညာ​မဲ့​သော မြင်း​လား​ကဲ့​သို့ မ​ဖြစ်​နှင့်။


ငါ့​သား၊ သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။ သူ​တို့​သွား​သော​လမ်း​ကို ရှောင်​လော့။


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပုန်​ကန်​သော​အ​မျိုး​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့​သည် ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။ ငါ့​ဝိ​ညာဉ်​အ​ခွင့်​မ​ရှိ​ဘဲ မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​ထပ်​ထပ်​အ​ပြစ် ရောက်​ကြ၏။


ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ပြန်​လာ​လျှင်၊ သင့်​ကို​ငါ​ဆောင်​ခဲ့၍၊ သင်​သည် ငါ၏​အ​မှု​ကို ထမ်း​ရ​လိမ့်​မည်။ သင်​သည် မြတ်​သော​အ​ရာ​နှင့် ယုတ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​ခွဲ​ထား​လျှင်၊ ငါ့​နှုတ်​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည် သူ​တို့​ရှိ​ရာ​သို့ ပြန်၍​မ​သွား​ရ။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​လိုက်​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထက်​အား​ကြီး၍ နိုင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို နေ့​တိုင်း​ခံ​ရ​ပါ၏။ လူ​တိုင်း ပြက်​ရယ်​ခြင်း​ကို ပြု​တတ်​ကြ​ပါ၏။


ထို​ကြောင့်၊ ငါ​သည် နှုတ်​က​ပတ်​တော်​ကို မ​ကြား​မ​ပြော၊ နာ​မ​တော်​ကို​အ​မှီ​ပြု၍ မ​ဟော​ဘဲ​နေ​မည်​ဟု သ​ဘော​ထား​သော်​လည်း၊ ငါ့​အ​ရိုး​တို့၌​ချုပ်​ထား၍၊ လောင်​သော​မီး​ကဲ့​သို့ နှုတ်​က​ပတ်​တော်​သည် ငါ့​နှ​လုံး၌ ဖြစ်​သော​ကြောင့်၊ အ​လွန်​ငြီး​ငွေ့​သ​ဖြင့် အောင့်၍​မ​နေ​နိုင်၊


ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​သွား​တော်​မူ၍၊ ငါ​သည်​ခါး​သော​စိတ်၊ ပူ​ပန်​သော​စိတ်​နှင့် လိုက်​ရ၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ လေး​လံ​စွာ​တင်​လျက်​ရှိ၏။


ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ