ဟေရှာယ 7:17 - Judson Bible in Zawgyi Version17 ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသော နေ့မှစ၍၊ မဖြစ်ဖူးသော နေ့ရက်ကာလကို ထာဝရဘုရားသည် သင်၏အပေါ်၌လည်းကောင်း၊ သင်၏လူများအပေါ်၌လည်းကောင်း၊ သင်၏အမျိုးရင်းအပေါ်၌လည်းကောင်း၊ ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို သင့်ထံသို့လည်းကောင်း၊ သင့်လူမျိုးထံသို့လည်းကောင်း၊ သင့်ဖခင်၏အမျိုးအနွယ်ထံသို့လည်းကောင်း ခေါ်ဆောင်လာတော်မူမည်ဖြစ်၍ ယုဒအမျိုးထံမှ ဧဖရိမ်အမျိုးထွက်သွားသောနေ့မှစ၍ မကြုံဖူးသောနေ့ရက်များကို သင်တို့ကြုံရလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 ``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဖွယ်သောဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသောဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူအပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။