Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 7:1 - Judson Bible in Zawgyi Version

1 ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​သား​ဖြစ်​သော၊ ယော​သံ၏​သား​အာ​ခတ်​မင်း​လက်​ထက်၌၊ ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇိန်​မင်း​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​မင်း၏​သား ပေ​ကာ​မင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခြင်း​ငှာ ချီ​လာ​ကြ၏။ သို့​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဩဇိ​မင်းကြီး​၏​သား​တော်​ယောသံ​၊ ယောသံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာခတ်​မင်းကြီး​၏​လက်ထက်​တွင် ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​၊ ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​ကို ချီတက်​တိုက်ခိုက်​၏​။ သို့သော် မ​အောင်​နိုင်​ခဲ့​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ယု​ဒ​ပြည်​တွင် သြ​ဇိ​၏​မြေး၊ ယော​သံ​၏​သား၊ အာ​ခတ်​နန်း​စံ​စဉ်​အ​ခါ​စစ်​ဖြစ်​လေ​သည်။ ရှု​ရိ ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ရေ​မ​လိ ၏​သား​ပေ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​ကြ​သော်​လည်း​ထို​မြို့​ကို​သိမ်း​ယူ နိုင်​စွမ်း​မ​ရှိ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 7:1
15 ပူးပေါင်းရင်းမြစ်များ  

အ​မှု​တော်​ထမ်း​တပ်​မှူး၊ ရေ​မ​လိ​သား​ပေ​ကာ​သည် ပေ​က​ဟိ​မင်း​တစ်​ဖက်၌ သင်း​ဖွဲ့၍၊ အာ​ဂေါ​ဘ​နှင့် အ​ရေ​ဟ​အ​စ​ရှိ​သော ဂိ​လဒ်​ပြည်​သား ငါး​ကျိပ်​ပါ​လျက်၊ ရှ​မာ​ရိ​မြို့၌ နန်း​တော်​ထဲ​မှာ သေ​အောင်​လုပ်​ကြံ၍ သူ၏​အ​ရာ၌ နန်း​ထိုင်၏။


ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​နန်း​စံ​ငါး​ဆယ်​နှစ်​နှစ်​တွင်၊ ရေ​မ​လိ​သား​ပေ​ကာ​သည် နန်း​ထိုင်၍ ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​နှစ်​နှစ်​ဆယ် စိုး​စံ​လေ၏။


ထို​ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ရေ​မ​လိ​သား​ပေ​ကာ​ကို ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ၏။


ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​ဆယ်​ခု​နစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​သား အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်​နန်း​ထိုင်၍၊


ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍ အာ​ခတ်​မင်း​ကို ဝိုင်း​ထား​သော်​လည်း မ​နိုင်​ရ။


ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်​၌၊ အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ​၍၊ ယု​ဒ​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သည်​မှာ၊


ရေ​ဇိန်​နှင့် ရေ​မ​လိ​သား​တို့၌ ဝမ်း​မြောက်​ကြ​သော​ကြောင့်၊


ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​သူ​တို့​တစ်​ဖက်၌ ရေ​ဇိန်​မင်း၏​ရန်​သူ​တို့​ကို ချီး​မြှောက်၍၊ ဧ​ဖ​ရိမ်​အ​မျိုး၏​ရန်​သူ​တို့​ကို ထ​စေ​တော်​မူ​သ​ဖြင့်၊


သင်​လုပ်​သော ဥ​စ္စာ​များ​သော​ကြောင့် ရှု​ရိ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ န​ပက်​ကျောက်၊ ပြာ​သော​အ​ထည်၊ ခြယ်​လှယ်​သော​အ​ဝတ်၊ ပိတ်​ချော၊ သ​န္တာ၊ ကျောက်​နီ​တို့​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။


ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ ဗေ​ရိ၏​သား ဟော​ရှေ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် အ​စ​အ​ဦး​ဟူ​မူ​ကား၊


ယု​ဒ​ရှင်​ဘု​ရင် ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်၌ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ခံ​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ