ဟေရှာယ 57:16 - Judson Bible in Zawgyi Version16 ငါသည် အစဉ်မပြတ် တရားတွေ့မည်မဟုတ်။ အစဉ်မပြတ် အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာပျောက်၍၊ ငါဖန်ဆင်းသောဝိညာဉ်သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 ငါသည်မိမိလူမျိုးတော်အားအသက်ရှင် ခွင့်ကိုပေး၏။ သူတို့အားဆက်လက်၍ပြစ် တင်စွပ်စွဲလျက်အစဉ်အမြဲအမျက်ထွက် လျက်နေလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရားသည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူ အရောန၏ကောက်နယ်တလင်းအနားမှာ ရှိ၏။
မိုးကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာရှိသောသူတို့အား အသက်ကိုလည်းကောင်း၊ မြေကြီးကို ကျော်နင်းသော သူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊