Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 5:27 - Judson Bible in Zawgyi Version

27 သူ​တို့​တွင် မော​သော​သူ​မ​ရှိ။ ထိ​မိ၍ လဲ​သော​သူ မ​ရှိ။ ငိုက်​မျဉ်း​သော​သူ၊ အိပ်​ပျော်​သော​သူ​လည်း​မ​ရှိ။ သူ​တို့​ခါး​စည်း မ​ပြေ။ ခြေ​နင်း​ကြိုး​လည်း​မ​ကျွတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 သူ​တို့​တွင် မောပန်း​သော​သူ​မ​ရှိ​၊ ခလုတ်တိုက်​၍​လဲ​သော​သူ​မ​ရှိ​၊ ငိုက်မျဉ်း​သော​သူ​မ​ရှိ​၊ အိပ်ပျော်​သော​သူ​မ​ရှိ​။ သူ​တို့​၏​ခါးပန်း​မ​ပြေ​။ သူ​တို့​၏​ဖိနပ်​ကြိုး​မ​ပြတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 သူ​တို့​တွင်​မော​ပန်း​သူ၊ ခြေ​ချော်​သူ​ဟူ​၍ မ​ရှိ။ ငိုက်​မြည်း​သူ၊ အိပ်​ပျော်​သူ​လည်း​မ​ရှိ။ သူ​တို့​၏​ခါး​စည်း​များ​သည်​မ​ပြေ။ ဖိ​နပ် ကြိုး​များ​သည်​လည်း​မ​ပြတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 5:27
14 ပူးပေါင်းရင်းမြစ်များ  

ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် ငါ၌​ပြု​သော​အ​မှု၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ်​နှစ်​ပါး နေ​ရ၏​သား​အာ​ဗ​နာ၊ ယေ​သာ၏​သား​အာ​မ​သ၌ ပြု​သော​အ​မှု​တည်း​ဟူ​သော သူ​တို့​ကို​သတ်၍ စစ်​မ​တိုက်​ဘဲ စစ်​အ​သွေး​ကို​သွန်း​လောင်း​သ​ဖြင့်၊ မိ​မိ​ဝတ်​သော​ခါး​စည်း၊ မိ​မိ​နင်း​သော​ခြေ​နင်း​တို့​ကို စစ်​အ​သွေး​နှင့် လူး​သော​အ​မှု​ကို သင်​သိ​သည်​ဖြစ်၍၊


ရှင်​ဘု​ရင်​တို့​ကို အ​ရာ​မှ​ချ၍ ခါး​ကြိုး​နှင့် ချည်​တော်​မူ၏။


မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ အား​ကြီး​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။


ထို​ဘု​ရား​သ​ခင်​သည် ငါ့​ကို​ခွန်​အား​ခါး​ပန်း​နှင့် စည်း၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ၍၊ အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​ဝတ်​ဆင်၍၊ ခွန်​အား​ကို ခါး​ပန်း​စည်း​တော်​မူ၏။ သို့​ဖြစ်၍၊ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် တည်​လျက်​ရှိ၏။


သင်​သည် ခ​ရီး​သွား​ရာ၌​ဘေး​မ​ရှိ။ ခြေ​မ​တိုက်​မိ​ဘဲ သွား​လိမ့်​မည်။


တ​ရား​နှင့် သ​စ္စာ​သည် သူ၏ ခါး​ပန်း​ခါး​စည်း​ဖြစ်​လိမ့်​မည်။


အ​ကြင်​သူ၏​ရှေ့​မှာ အ​ပြည်​ပြည်​တို့​ကို နှိမ့်​ချ၍၊ ရှင်​ဘု​ရင်​တို့​ကို တန်​ဆာ​ချွတ်​လျက်၊ အ​တွင်း​တံ​ခါး​တို့​ကို မ​ပိတ်​ရ​ဘဲ၊ နှစ်​ရွက်​ရှိ​သော တံ​ခါး​တို့​ကို ဖွင့်​ခြင်း​ငှာ၊ အ​ကြင်​သူ၏ လက်​ယာ​လက်​ကို ငါ​ထောက်​မ၏။ ထို​သူ​တည်း​ဟူ​သော ကု​ရု​မင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​မင်း​အား မိန့်​တော်​မူ​သည်​ကား၊


ငါ​တစ်​ပါး​တည်း​သာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ သင်​သည် ငါ့​ကို မ​သိ​သော်​လည်း၊ သင်၏​ခါး​ကို ငါ​စည်း၏။


မျက်​နှာ​တော်​ညှိုး​ငယ်၍ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊ ခါး​ဆစ်​ပြုတ်​မ​တတ်​ဖြစ်၍ ဒူး​ခြင်း​ထိ​ခိုက်​သည်​ရှိ​သော်၊


ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့်​ရက်​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ခါး၌​သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော ပျား​ရည်​ကို စား​လျက်​နေ၏။


အိမ်​ပြင်၌ ဓား​ဘေး၊ အိမ်​အ​တွင်း၌ ကြောက်​မက်​ဖွယ်​သော​ဘေး​သည် လူ​ပျို​နှင့်​အ​ပျို​ကို​လည်း​ကောင်း၊ နို့​စို့​သူ​ငယ်​နှင့် ဦး​ဆံ​ဖြူ​သော​သူ​ကို​လည်း​ကောင်း ဖျက်​ဆီး​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ