ဟေရှာယ 5:14 - Judson Bible in Zawgyi Version14 ထိုကြောင့်၊ မရဏနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပါးစပ်ကို အတိုင်းအရှည်မရှိဘဲ ဖွင့်ဟသဖြင့်၊ သူတို့၏ ဂုဏ်အသရေ အလုံးအရင်း၊ အသံဗလံပြုခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 မရဏာနိုင်ငံသည် အလိုရမ္မက်ကြီးစွာဖြင့် မိမိပါးစပ်ကိုအတိုင်းအဆမရှိ ကျယ်စွာဖွင့်လျက်ရှိ၍ ဇိအုန်မြို့ဂုဏ်အသရေရှိသူများ၊ ဆူညံနေသောလူအုပ်ကြီး၊ သောက်စားပျော်ပါးနေသူများသည် မရဏာနိုင်ငံသို့ ဆင်းသွားကြရလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 မရဏနိုင်ငံသည်သူတို့အားဝါးမျိုလို သဖြင့် မိမိ၏ပါးစပ်ကိုကျယ်စွာဟလျက် နေ၏။ ယေရုရှလင်မြို့မှမှူးမတ်များကိုလည်း ယောက်ယက်ခတ်ဆူညံနေသောဆင်းရဲသား လူအုပ်ကြီးနှင့်အတူမျိုချလိုက်လေသည်။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ တောဘက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဖို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှာ ဖန်ဆင်းတော်မူပြီ။ မီးရှို့ဖို့ ထင်းပုံကြီးလည်း ရှိ၏။ ထာဝရဘုရား၏ထွက်သက်တော်သည် အရည်ကျိုသော ကန့်ကဲ့သို့၊ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။
ထိုမှတစ်ပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ်နေရာ၌ မနေနိုင်ဘဲ၊ မိမိလောဘကို မရဏနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိလျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံသို့ဆွဲငင်၍ စုဝေးစေ၏။