ဟေရှာယ 45:10 - Judson Bible in Zawgyi Version10 မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ပွားစေသနည်း ဟူ၍လည်းကောင်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဖွားသနည်း ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 ဖခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားစေသနည်း’ဟူ၍လည်းကောင်း၊ မိခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားသနည်း’ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 မိမိ၏မိဘများအား``အဘယ်ကြောင့် ကျွန်တော့်ကိုဤသို့မွေးထုတ်ကြပါ သနည်း'' ဟု ဆိုဝံ့သူရှိပါသလော။ အခန်းကိုကြည့်ပါ။ |
အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိဟု သင်လုပ်သောအရာက ဆိုရမည်လော။
သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူ ရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင်တို့မေးရာတွင်၊