ဟေရှာယ 43:4 - Judson Bible in Zawgyi Version4 သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏။ ထိုကြောင့်၊ သင့်အတွက် လူတို့ကိုလည်းကောင်း၊ သင်၏အသက်အတွက် လူမျိုးတို့ကိုလည်းကောင်း ငါပေးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ငါ့အဖို့ သင်သည် အဖိုးတန်၏။ သင်သည် ဂုဏ်သရေရှိ၏။ ငါသည် သင့်ကိုချစ်၏။ ထို့ကြောင့် သင့်ကိုယ်စား လူတို့ကိုလည်းကောင်း၊ သင်၏အသက်ကိုယ်စား လူမျိုးတို့ကိုလည်းကောင်း ငါပေးအပ်လိုက်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 သင်တို့သည်ငါ့အဖို့အလွန်အဖိုးတန်သူများ ဖြစ်ပြီး ငါချစ်မြတ်နိုး၍ဂုဏ်ပြုချီးမြှင့်သူများဖြစ် သဖြင့် ငါသည်သင်တို့၏အသက်ကိုကယ်ရန် လူမျိုးစုတို့ကိုစွန့်လွှတ်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံတော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တစ်ဖန်ဆောင်ခဲ့ရသောကျွန် ဖြစ်စေမည်အကြောင်း၊ ငါ့ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။-
ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ်ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသားစကားကို ပြောသောသူတည်းဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ ပျပ်ဝပ်စေခြင်းငှာလည်းကောင်း၊ ငါသည် သင့်ကိုချစ်သည်ဟု သိစေခြင်းငှာလည်းကောင်း ငါပြုမည်။-