ဟေရှာယ 41:20 - Judson Bible in Zawgyi Version20 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင်၍၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား ဖန်ဆင်းတော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်20 ထိုသို့သောအားဖြင့် ထာဝရဘုရား၏လက်တော်သည် ဤအမှုကိုပြုတော်မူကြောင်း၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ဤအမှုကိုဖြစ်စေတော်မူကြောင်း လူအားလုံး တွေ့မြင်သိရှိကြလိမ့်မည်။ ဆင်ခြင်နားလည်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version20 ဤအချင်းအရာကိုတွေ့မြင်ကြသောအခါ လူတို့သည်ဤအမှုကားငါထာဝရဘုရား စီရင်တော်မူသောအမှုပင်ဖြစ်ကြောင်း သိရှိလာကြလိမ့်မည်။ ဤအမှုကိုဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့် ဘုရားသခင်ဖြစ်ပွားစေတော်မူကြောင်း နားလည်လာကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အို မိုးကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရားပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင်များတို့၊ ကျူးဧသောအသံကို ပေးကြလော့။ ထာဝရဘုရားသည် ယာကုပ်ကို ရွေးနုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။
ရှင်ဘုရင်တို့သည် သင်၏ဘထွေး၊ မိဖုရားတို့သည် သင့်ကို မွေးစားသောအမိ ဖြစ်ကြလိမ့်မည်။ သင့်ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါ့ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်း မရှိကြောင်းကိုလည်းကောင်း သင်သိလိမ့်မည်။