Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 39:1 - Judson Bible in Zawgyi Version

1 ထို​ကာ​လ​အ​ခါ ဗာ​လ​ဒန်​သား၊ ဗာ​ဗု​လုန်​မင်း​ကြီး မေ​ရော​ဒ​ပ္ဗါ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​နာ၍၊ အ​နာ​ပျောက်​သည်​ကို ကြား​သော​ကြောင့်၊ မေ​တ္တာ​စာ​နှင့် လက်​ဆောင်​ပါ​လျက်၊ တ​မန်​တို့​ကို စေ​လွှတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထိုအခါ ဟေဇကိ​မင်းကြီး ဖျားနာ​ရာ​မှ ပြန်လည်​ကျန်းမာ​လာ​ပြီ​ဖြစ်ကြောင်း ဗာလဒန်​၏​သား ဘေဘီလုံ​ဘုရင်​မေရောဒဗာလဒန်​မင်းကြီး ကြားသိ​သောအခါ ဟေဇကိ​မင်းကြီး​ထံသို့ စာလွှာ​နှင့်​လက်ဆောင်​တို့​ကို ပေးပို့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဗာ​လ​ဒန်​၏ သား​ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒပ္ဗာ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား သိ​ရ​သ​ဖြင့်၊ သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက် ဆောင်​ပဏ္ဏာ​ပေး​ပို့​ဆက်​သ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 39:1
11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က​လည်း၊ ဟာ​နုန်​အ​ဘ​နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​ပြု​သော​ကြောင့်၊ သူ၏​သား၌ ကျေး​ဇူး​ပြု​မည်​ဟု​ဆို​လျက်၊ သူ၏​အ​ဘ​သေ​ရာ​တွင် နှစ်​သိမ့်​စေ​ခြင်း​ငှာ ကျွန်​တို့​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်၏​ကျွန်​တို့​သည် အ​မ္မုန်​ပြည်​သို့​ရောက်​ကြ၏။


မိ​မိ​ရန်​သူ ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည်​စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ၊ မိ​မိ​သား​ယော​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ယော​ရံ​သည် ငွေ​ဖ​လား၊ ရွှေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား​တို့​ကို ဆောင်​လျက်​လာ၏။


အ​များ​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ​သ​ဖြင့်၊ ဟေ​ဇ​ကိ​သည် ထို​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​လူ​မျိုး ရှေ့​မှာ​ဘုန်း​ကြီး​တော်​မူ၏။


သို့​ရာ​တွင် ဟေ​ဇ​ကိ​သည် မိ​မိ​ခံ​ရ​သော​ကျေး​ဇူး​တော်​နှင့် အ​ထိုက်​အ​လျောက်​မ​ကျင့်၊ ထောင်​လွှား​သော​စိတ်​ရှိ၏။ ထို​ကြောင့် သူ၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ အ​မျက်​တော်​ထွက်​လေ၏။


သို့​ရာ​တွင်၊ နိုင်​ငံ​တော်၌ ဖြစ်​သော​အံ့​ဖွယ်​သော​အ​မှု​ကို မေး​မြန်း​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​မင်း​တို့​သည် သံ​တ​မန်​ကို စေ​လွှတ်​သော​အ​မှု​မှာ၊ ဟေ​ဇ​ကိ​မင်း၏​သ​ဘော​ကို အ​ကုန်​အ​စင်​သိ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် စုံ​စမ်း၍​အ​လွတ်​ထား​တော်​မူ၏။


ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊


တိုင်း​နိုင်​ငံ​တို့၏ အ​ထွဋ်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ဖြစ်​သော ဗာ​ဗု​လုန်​မြို့​သည် ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဖြစ်​လိမ့်​မည်။


သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ရည်​ဆောင်၍၊ ပုံ​စ​ကား​ကို ဤ​သို့ မြွက်​ဆို​လိမ့်​မည်။ အ​စိုး​တ​ရ​ပြု​သော​သူ​သည် ဆုံး​လေ​ပြီ​တ​ကား။ ရွှေ​မြို့​တော်​သည် ဆုံး​လေ​ပြီ​ကား။


အ​ထက်​က​မ​ရှိ​သော ခါ​လ​ဒဲ​အ​မျိုး​သား​တို့​နေ​သော​ပြည်​ကို ကြည့်​ရှု​လော့။ ထို​ပြည်​ကို အာ​ရှု​ရိ​မင်း​သည် တော​တွင်း​သား​တို့ နေ​စ​ရာ​ဖို့ တည်​ထောင်၏။ ထို​ပြည်​သား​တို့​သည် ပြ​အိုး​တို့​ကို တည်​ဆောက်၍၊ တု​ရု​အိမ်​တော်​များ​နှင့် မြို့​ကို​လည်း ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ