Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 37:1 - Judson Bible in Zawgyi Version

1 ထို​စ​ကား​ကို ဟေ​ဇ​ကိ​မင်း​ကြီး​သည် ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ခြုံ​လျက် ဗိ​မာန်​တော်​သို့ သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဟေဇကိ​မင်းကြီး​သည် ထို​စကား​ကို​ကြား​လျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ခြင်း၊ ဟေ​ဇ​ကိ​မင်း​သည်​ဝမ်း​နည်း​ပူ ဆွေး​လျက် မိ​မိ​၏​အ​ဝတ်​များ​ဆုတ်​ဖြဲ​ပြီး လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား ၏​ဗိ​မာန်​တော်​သို့​သွား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 37:1
13 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို ဆုတ်၍၊


ထို​အ​ကြောင်း​ကြောင့်၊ ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​ဆု​တောင်း၍၊ ကောင်း​ကင်​ဘုံ​သို့ ဟစ်​ခေါ်​သ​ဖြင့်၊


ညဥ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တွင်၊ စိတ်​ပျက်​ရာ​မှ​ထ၍ အ​တွင်း​အ​ဝတ်၊ ပြင်​အ​ဝတ်​ကို ဆုတ်​ပြီး​လျှင်၊ ဒူး​ထောက်၍၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လက်​ဝါး​တို့​ကို ဖြန့်​လျက်၊


ထို​အ​မှု​ရှိ​သ​မျှ​ကို မော်​ဒ​ကဲ​သိ​သော​အ​ခါ၊ မိ​မိ အ​ဝတ်​ကို ဆုတ်၍ ပြာ​နှင့်​လူး​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ မြို့​အ​လယ်​သို့​သွား၍ ကြီး​ကျယ်​သော​အ​သံ​နှင့် ငို​ကြွေး​လေ၏။


ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊


ထို​အ​ခါ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက်၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့​လာ၍၊ ရာ​ဗ​ရှာ​ခ​စ​ကား​ကို ကြား​လျှောက်​ကြ၏။


ထို​မှာ​စာ​ကို ဟေ​ဇ​ကိ​မင်း​သည် သံ​တ​မန်​လက်​မှ​ခံ​ယူ၍ ကြည့်​ပြီး​လျှင်၊ ဗိ​မာန်​တော်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြန့်​ထား​လေ၏။


ထို​အ​ခါ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် ထို​ပ​ရော​ဖက်​ကို သတ်​သ​လော။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သည် မ​ဟုတ်​လော။ ရှေ့​တော်၌ တောင်း​ပန်​သည် မ​ဟုတ်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ ဘေး​ဥ​ပဒ်​ကို ရောက်​စေ​မည်​ဟု ခြိမ်း​တော်​မူ​သော်​လည်း၊ တစ်​ဖန် နောင်​တ​ရ​တော်​မူ​သည် မ​ဟုတ်​လော။ ငါ​တို့​မူ​ကား၊ ကိုယ်​အ​ကျိုး​ကို ဖျက်​ဆီး​ခြင်း​ငှာ ပြု​ကြ​သည်​တ​ကား​ဟု စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။


ရှင်​ဘု​ရင်​မှ​စ၍၊ ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ကြား​သော ရှင်​ဘု​ရင်၏ ကျွန်​တစ်​ယောက်​မျှ မ​ကြောက်၊ မိ​မိ​အ​ဝတ်​ကို​လည်း မ​ဆုတ်​ကြ။


အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ