ဟေရှာယ 36:9 - Judson Bible in Zawgyi Version9 သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 စစ်ရထား၊ မြင်းစီးသူရဲတို့ရရှိဖို့ အီဂျစ်ပြည်ကို ကိုးစားသော သင်က ငါ့သခင်၏မင်းမှုထမ်းများထဲမှ အနိမ့်ဆုံးအရာရှိတစ်ယောက်ကိုပင် ရင်ဆိုင်တွန်းလှန်နိုင်မည်လော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 သင်တို့သည်ရာထူးအနိမ့်ဆုံးအာရှုရိတပ် မှူးကလေးကိုပင်လျှင်ယှဉ်ပြိုင်နိုင်စွမ်းမရှိ ကြ။ သို့ပါလျက်အီဂျစ်အမျိုးသားတို့ထံ မှစစ်ရထားနှင့်မြင်းစီးသူရဲအကူအညီ များကိုစောင့်မျှော်ကြပါသည်တကား။- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှာ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှာ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှားပြီဟု တစ်ယောက်ကိုတစ်ယောက် ဆိုလျက်၊
အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက်သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ မစအပ်သောသူလည်း ဆုံးလိမ့်မည်။အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။