Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 3:3 - Judson Bible in Zawgyi Version

3 သွေး​သောက်​ကြီး၊ အ​ရာ​ရှိ၊ တိုင်​ပင်​မှူး​မတ်၊ လက်​သ​တ္တိ​ရှိ​သော​သူ၊ နှုတ်​သ​တ္တိ​ရှိ​သော​သူ​တို့​ကို ပယ်​ရှား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 လူ​ငါးဆယ်​အုပ်​၊ ဂုဏ်သရေရှိသူ​၊ အကြံပေးသူ​၊ လက်မှုအတတ်​ကျွမ်းကျင်​သူ​၊ မန်းမှုတ်​သော​အတတ်​ကျွမ်းကျင်​သူ​တို့​ကို​လည်း ဖယ်ရှား​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 သူ​တို့​၏​စစ်​ဘက်​နယ်​ဘက်​ခေါင်း​ဆောင်​များ နိုင်​ငံ​ရေး​သ​မား​များ​နှင့်​မှော်​ဆ​ရာ​များ ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 3:3
11 ပူးပေါင်းရင်းမြစ်များ  

အား​ကြီး​သော​သူ​မူ​ကား မြေ​ကို​ပိုင်​ရ၏။ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ​သည် နေ​ရ​သော​အ​ခွင့်​ကို​ရ၏။


ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။


မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် နှုတ်​သ​တ္တိ​မ​ရှိ​ပါ။ အ​ထက်​က​လည်း​မ​ရှိ​ပါ။ ကိုယ်​တော်​ကျွန်​အား မိန့်​တော်​မူ​သော​အ​ခါ၌​ပင်​မ​ရှိ​ပါ။ နှုတ်​လေး​သော​သူ၊ စ​ကား​နှေး​နှေး​ပြော​တတ်​သော​သူ​ဖြစ်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​၏။


တန်​ခိုး​ကြီး​သော​သူ၊ စစ်​တိုက်​သော​သူ၊ တ​ရား​သူ​ကြီး၊ ပ​ရော​ဖက်၊ ဗေ​ဒင်​တတ်၊ အ​သက်​ကြီး​သူ၊


ထို​ပြည်​တွင် သူ​ငယ်​တို့​ကို မင်း​အ​ရာ၌​ငါ​ခန့်​ထား၍ နို့​စို့​သူ​ငယ်​တို့​သည် အုပ်​စိုး​ကြ​လိမ့်​မည်။


ထို​ကြောင့် ငါ၏​လူ​တို့​သည် ပ​ညာ​မ​ရှိ၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ၏။ မှူး​မတ်​တို့​သည် မွတ်​သိပ်၍ သေ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည် ရေ​ငတ်၍ ပူ​ဆွေး​လျက်​ရှိ​ကြ၏။


ဦး​ခေါင်း​ကား၊ အ​သက်​ကြီး​သူ​နှင့် အ​သ​ရေ​ရှိ​သူ​တည်း။ အ​မြီး​ကား၊ မု​သား​ကို​ဟော​ပြော​သော ပ​ရော​ဖက်​တည်း။


ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။


ထို​အ​ခါ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​အား တာ​ဗော်​မြို့​မှာ သင်​တို့​သတ်​ခဲ့​သော သူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မေး​မြန်း​သော်၊ ထို​သူ​တို့​က၊ ကိုယ်​တော်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​ရှိ​သ​မျှ​သည် ဖြစ်၍၊ ရှင်​ဘု​ရင်​သား၏ အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​ကြ​ပါ၏​ဟု ပြန်​ပြော​သော်၊


လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား၍၊ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း၊ စစ်​တိုက်​တန်​ဆာ၊ ရ​ထား​တန်​ဆာ​ကို​လုပ်​ခြင်း​အ​မှု​များ​ကို ဝေ​ဖန်​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ