Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 3:19 - Judson Bible in Zawgyi Version

19 နား​သန်​သီး၊ လက်​ကောက်၊ မျက်​နှာ​ဖုံး၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 နားဆွဲ​၊ လက်ကောက်​၊ မျက်နှာလွှားဇာ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19-20 နား​ဆွဲ​များ၊ လက်​ကောက်​များ၊ သူ​တို့​၏ မျက်​နှာ​ဖုံး​ဇာ​ပု​ဝါ​များ၊ ဦး​ထုပ်​များ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 3:19
14 ပူးပေါင်းရင်းမြစ်များ  

ကု​လား​အုတ်​များ​ကို ရေ​သောက်​စေ​ပြီး​သော​နောက်၊ ယောက်ျား​သည်၊ အ​ချိန်​ငါး​မူး​ရှိ​သော ရွှေ​နှာ​ဆွဲ၊ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​လက်​ကောက်​တစ်​ရံ​ကို​ထုတ်၍၊


သူ​သည်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ နှ​မ​လက်၌ လက်​ကောက်​ကို​လည်း​ကောင်း​မြင်၍၊ ထို​ယောက်ျား​သည်​ကျွန်ုပ်​ကို ဤ​သို့​ပြော​သည်​ဟု၊ နှ​မ​ရေ​ဗ​က္က​ဆို​သော​စ​ကား​ကို ကြား​သော​အ​ခါ၊ ရေ​တွင်း၌ ကု​လား​အုတ်​အ​နား​မှာ​ရပ်​နေ​သော​ယောက်ျား​ထံ​သို့ ရောက်​သော​အ​ခါ၊


ငွေ​ဖ​လား၊ ရွှေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ​များ​ကို​ထုတ်၍ ရေ​ဗ​က္က​အား​ပေး၏။ သူ၏​အ​မိ၊ မောင်​အား​လည်း၊ အ​ဖိုး​ထိုက်​သော လက်​ဆောင်​ကို​ပေး၏။


သူ​တို့​သည်​လည်း၊ မိ​မိ​တို့၌​ပါ​သော​တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​အ​ပေါင်း​တို့​နှင့်၊ နား၌​ပန်​သော​နား​ပန်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ယာ​ကုပ်​အား​ပေး၍၊ ယာ​ကုပ်​လည်း၊ ရှေ​ခင်​မြို့​နား​တွင်​ရှိ​သော သ​ပိတ်​ပင်​အောက်၌ မြှုပ်​ထား​လေ၏။


ယု​ဒ​က အ​ဘယ်​အ​ရာ​ကို​ပေါင်​စေ​ချင်​သ​နည်း​ဟု ပြန်၍​မေး​လေ​သော်၊ မိန်း​မ​က၊ သင်၏​တံ​ဆိပ်၊ စ​လွယ်၊ လက်​စွဲ​တောင်​ဝှေး​တို့​ကို​ပေါင်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ထို​ဥ​စ္စာ​ကို​အပ်၍ မိန်း​မ​ထံ​သို့​ဝင်​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​လေ၏။


ထုတ်​သော​အ​ခါ၊ တာ​မာ​သည် တံ​ဆိပ်၊ စ​လွယ်၊ တောင်​ဝှေး​တို့​ကို ယော​က္ခ​မ​ထံ​သို့​ပို့​စေ၍၊ ဤ​ဥ​စ္စာ​ကို​ပိုင်​သော​သူ​အား​ဖြင့် ကျွန်​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​ပြီ။ ဤ​ဥ​စ္စာ​တို့​သည်​အ​ဘယ်​သူ၏​ဥ​စ္စာ​ဖြစ်​သည်​ကို ကြည့်​ပါ​လော့​ဟု​မှာ​လိုက်၏။


အာ​ရုန်​က​လည်း၊ သင်​တို့​မ​ယား၊ သား​သ​မီး​များ၏​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​ဟု​ဆို​လျှင်၊


လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ အာ​ရုန်​ထံ​သို့​ဆောင်​ခဲ့​ကြ၏။


ကြည်​ညို​သော စေ​တ​နာ​စိတ်​ရှိ​သော ယောက်ျား​မိန်း​မ​တို့​သည်၊ လက်​ကောက်၊ နား​တောင်း၊ လက်​စွပ်၊ နှာ​ခေါင်း​ဘူး၊ ရွှေ​တန်​ဆာ​ရှိ​သ​မျှ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ လှူ​သော​သူ အ​သီး​အ​သီး​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား​ရွှေ​ကို​လှူ​ကြ၏။


ထို​ကာ​လ၌ ဘု​ရား​ရှင်​သည် သူ​တို့​ခြေ​ချင်း၊ ဇာ​ဦး​ထုပ်၊ လ​ဆန်း​ရုပ်​လည်​ဆွဲ၊


ပေါင်း​သ​ရ​ဖူ၊ ရွှေ​ခြေ​ကြိုး၊ ခါး​ပန်း၊ နှာ​ခေါင်း​ဘူး၊


လက်​ကောက်​နှင့်​လည်​ဆွဲ​အ​စ​ရှိ​သော တန်​ဆာ​မျိုး​ကို ဆင်​စေ၏။


နား​တောင်း၊ နှာ​ဆွဲ၊ လှ​သော​ပေါင်း​ကို​လည်း ဆင်​စေ၏။


ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သက်​အ​ဖိုး​ကို​ဖြေ​ဖို့​ရာ လူ​အ​သီး​အ​သီး​ရ​သော ရွှေ​တန်​ဆာ၊ လည်​ဆွဲ၊ လက်​ကောက်၊ လက်​စွပ်၊ နား​တောင်း၊ နှာ​ခေါင်း​ဆွဲ​ဘူး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျက် ဆောင်​ခဲ့​ပါ​ပြီ​ဟု လျှောက်​ဆို​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ