Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 20:1 - Judson Bible in Zawgyi Version

1 အာ​ရှု​ရိ​ရှင်​ဘု​ရင် သာ​ဂုန်​စေ​လွှတ်​သော​ဗိုလ်​မင်း​တာ​တန်​သည် အာ​ဇုတ်​မြို့​သို့​စစ်​ချီ၍၊ ထို​မြို့​ကို လုပ်​ကြံ​သော​နှစ်​တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 အဆီးရီးယား​ဘုရင်​သာဂုန်​မင်းကြီး​စေလွှတ်​သော တာတန်​သည် အာဇုတ်​မြို့​သို့​လာ​ပြီး အာဇုတ်​မြို့​ကို​တိုက်ခိုက်​သိမ်းပိုက်​သော ထို​နှစ်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 အာ​ရှု​ရိ​ဘု​ရင်​သာ​ဂုန်​၏​အ​မိန့်​တော်​အ​ရ အာ​ရှု​ရိ​တပ်​မ​တော်​ဦး​စီး​ချုပ်​သည်​ဖိ​လိတ္တိ ပြည်၊ အာ​ဇုတ်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 20:1
9 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် တာ​တန်၊ ရာ​ဗ​သာ​ရိတ်၊ ရာ​ဗ​ရှာ​ခ​တို့​ကို များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရောက်​သော​အ​ခါ၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ​ကြ၏။


ထို​မင်း​သည် စစ်​ချီ၍ ဖိ​လိ​တ္တိ​လူ​တို့​ကို တိုက်​သ​ဖြင့်၊ ဂါ​သ​မြို့​ရိုး၊ ယာ​ဗ​နေ​မြို့​ရိုး၊ အာ​ဇုတ်​မြို့​ရိုး​တို့​ကို ဖြို​ဖျက်​ပြီး​မှ၊ အာ​ဇုတ်​မြို့​ပတ်​လည်၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်၌ မြို့​သစ်​တို့​ကို တည်​ထောင်​လေ၏။


အို တံ​ခါး၊ ညည်း​တွား​လော့။ အို မြို့၊ ငို​ကြွေး​မြည်​တမ်း​လော့။ အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင်​သည် မှိုင်​တွေ​လျက်​ရှိ၏။ မြောက်​မျက်​နှာ​မှ မီး​ခိုး​ထွက်​လာ၏။ ထို​အ​လုံး​အ​ရင်း၌ တစ်​ယောက်​တ​ခြား​စီ နေ​သော​သူ​မ​ရှိ။


ဥ​ဇ​မင်း​အ​ပေါင်း၊ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း၊ အာ​ရှ​ကေ​လုန်​ပြည်​သား၊ ဂါ​ဇ​ပြည်​သား၊ ဧ​ကြုန်​ပြည်​သား၊ ကျန်​ကြွင်း​သော အာ​ဇုတ်​ပြည်​သား၊


အာ​ဇုတ်​မြို့​သား​တို့​ကို​လည်း​ကောင်း၊ အာ​ရှ​ကေ​လုန်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ဧ​ကြုန်​မြို့​ကို​လည်း​တိုက်၍ ကျန်​ကြွင်း​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ပျက်​စီး​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ဂါ​ဇ​မြို့၊ ဂါ​သ​မြို့၊ အာ​ဇုတ်​မြို့​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​တိုင်း​နိုင်​ငံ​တွင် ကျန်​ကြွင်း​သော အာ​န​က​လူ တစ်​ယောက်​မျှ​မ​ရှိ။


ဖိ​လိ​တ္တိ​လူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ယူ၍ ဧ​ဗ​နေ​ဇာ​မြို့​မှ အာ​ဇုတ်​မြို့​သို့ ဆောင်​သွား​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​အား ပြန်​ပေး​သော ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ရွှေ​မြင်း​သ​ရိုက်​ပုံ​တို့​ကား၊ အာ​ဇုတ်​မြို့​ဖို့​တစ်​ခု၊ ဂါ​ဇ​မြို့​ဖို့​တစ်​ခု၊ အာ​ရှ​ကေ​လုန်​မြို့​ဖို့​တစ်​ခု၊ ဂါ​သ​မြို့​ဖို့​တစ်​ခု၊ ဧ​ကြုန်​မြို့​ဖို့​တစ်​ခု ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ