ဟေရှာယ 19:21 - Judson Bible in Zawgyi Version
21 အဲဂုတ္တုပြည်တွင် ထာဝရဘုရားကိုသိရကြသည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့်၊ ပူဇော်သကာ အလှူဒါနကိုဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားရှေ့တော်၌ သစ္စာကတိထား၍၊ ထားသည်အတိုင်း ပြုကြလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
21 ထာဝရဘုရားသည် အီဂျစ်ပြည်သားတို့အား မိမိကိုသိစေတော်မူသဖြင့် ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် ထာဝရဘုရားကိုသိလာကြပြီး ယဇ်နှင့်ပူဇော်သက္ကာတို့ဖြင့် ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားအား ကတိသစ္စာပြု၍ ပြည့်စုံစေကြလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
21 ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ