ဟေရှာယ 14:5 - Judson Bible in Zawgyi Version5 လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ် ရိုက်ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍၊ အစဉ်မပြတ် ညှဉ်းဆဲခြင်းကိုပြုသော အဓမ္မလူတို့၏ တောင်ဝှေးကိုလည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5-6 လူတို့ကို ဒေါသဖြင့် တစ်ချိန်လုံးရိုက်နှက်၍ တိုင်းနိုင်ငံတို့ကို မငဲ့မညှာနှိပ်စက်လျက် အမျက်နှင့်အုပ်စိုးသောကြောင့် ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့၏တုတ်၊ အုပ်စိုးသူမင်းတို့၏ရာဇလှံတံကို ချိုးတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5-6 ပြည်သူတို့အားအမျက်ဒေါသနှင့်ဖိနှိပ်ချုပ် ချယ်ကာ၊ မိမိနှိမ်နင်းအောင်မြင်သည့်လူမျိုး တို့အားလည်း အဆက်မပြတ်ညှင်းဆဲနှိပ် စက်တတ်သူမင်းဆိုးမင်းညစ်များ၏တန်ခိုး အာဏာကိုထာဝရဘုရားပျက်သုဉ်းစေ တော်မူပြီ။- အခန်းကိုကြည့်ပါ။ |
အကျွန်ုပ် ညည်းတွားသံကိုကြားသောသူတို့တွင်၊ နှစ်သိမ့်စေသောသူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကြားရကြပါပြီ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကို ရောက်စေတော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြပါစေသော။