ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲက၊ သင်သည် ဣသရေလအမျိုးသားတို့၌ ပြုလတ္တံ့သောဘေးဥပဒ်တည်းဟူသော သူတို့၏ရဲတိုက်များကို မီးရှို့ခြင်း၊ လုလင်များကို ဓားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သောမိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊