ဟေရှာယ 11:15 - Judson Bible in Zawgyi Version15 ထာဝရဘုရားသည်လည်း၊ အဲဂုတ္တုပင်လယ်၏လျှာကို ဖျောက်ဖျက်တော်မူမည်။ ပြင်းစွာသောလေတော်နှင့်တကွ လက်တော်ကို မြစ်ပေါ်မှာလှုပ်၍၊ ချောင်းခုနစ်သွယ်ဖြစ်စေခြင်းငှာ ရိုက်ခတ်တော်မူသဖြင့်၊ လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်15 ထာဝရဘုရားသည် အီဂျစ်ပင်လယ်ကွေ့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ ယူဖရေးတီးမြစ်အပေါ်ကိုလည်း ပြင်းထန်သောလေနှင့်အတူ လက်တော်ကိုဝှေ့ယမ်းတော်မူ၍ ထိုမြစ်ကို ချောင်းခုနစ်သွယ်ဖြစ်အောင်ရိုက်တော်မူသဖြင့် လူတို့သည် ဖိနပ်စီးလျက် ဖြတ်သွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version15 ထာဝရဘုရားသည်လေပူကိုတိုက်စေ၍ စူးအက်ပင်လယ်ကွေ့နှင့်ဥဖရတ်မြစ်တို့ကို ခန်းခြောက်စေတော်မူပြီးလျှင် မည်သူမဆို လမ်းလျှောက်ကျော်ဖြတ်နိုင်သည့်ချောင်းငယ် ကလေးခုနစ်ခုသာလျှင် ကျန်ရှိစေတော် မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ငါလာသောအခါ အဘယ်ကြောင့် လူမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနုတ်နိုင်အောင် လက်တိုသလော။ ကယ်ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမသဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည်နံကြ၏။ ရေငတ်၍ သေကြ၏။