ဟေရှာယ 1:1 - Judson Bible in Zawgyi Version1 ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌၊ အာမုတ်၏သားဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကိုခံရသည်မှာ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သော သြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိ မင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင် မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သား ဟေရှာယအားထာဝရဘုရားပေးတော်မူ သောဗျာဒိတ်တော်များပါရှိ၏။- အခန်းကိုကြည့်ပါ။ |
ဇိအုန်တောင်သို့ ဝမ်းမြောက်စရာသတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့ တက်လော့။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာ သတင်းကိုဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကိုလွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အားပြောလော့။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သောဆရာတို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကိုမြင်သည်အတိုင်း ဟောပြောတတ်ကြ၏။