ဟောရှေ 4:8 - Judson Bible in Zawgyi Version8 ငါ့လူတို့၏ အပြစ်ဖြေရာယဇ်တို့ကို စားလျက်နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 သင်တို့သည်ငါ၏လူမျိုးတော်အပြစ်ကူး လွန်ခြင်းကိုအကြောင်းပြု၍ကြွယ်ဝချမ်း သာလာကြ၏။ ထို့ကြောင့်သင်တို့သည်သူတို့ အပြစ်တိုး၍ကူးလွန်စေရန်အားပေးကြ သည်။- အခန်းကိုကြည့်ပါ။ |
ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကိုတည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်းခြင်းငှာ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ်အလိုအလျောက်ပြန်ပြောသဖြင့်၊
မင်းတို့သည် လက်ဆောင်ကို ရခြင်းငှာသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှာသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့သည် ငွေကိုရခြင်းငှာသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကိုခိုလှုံလျက်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူသည် မဟုတ်လော၊ ဘေးဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။