Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟော​ရှေ 10:4 - Judson Bible in Zawgyi Version

4 သူ​တို့ ကျိန်​ဆို​သော​စ​ကား​သည် စ​ကား​သက်​သက်​ဖြစ်၍၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အ​ခါ မု​သား​စ​ကား​ကို​သာ ပြော​တတ်​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​အ​မှု​သည် လယ်​ကန်​ဆည်​ရိုး​ပေါ်​မှာ ဘင်း​ခါး​ပင်​ကဲ့​သို့ ပေါက်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ရှင်​ဘု​ရင်​တို့​သည်​အ​ကျိုး​မဲ့​စကား​ကို​ပြော ၍​မ​မှန်​သော​က​တိ​ကို​ပေး​ကာ၊ အ​သုံး​မ​ကျ သော​သ​ဘော​တူ​ညီ​ချက်​များ​ရ​ယူ​ကြ​၏။ က​တိ​သစ္စာ​မ​တည်​ကြ၊ ထွန်​ယက်​ထား​သော လယ်​တွင်​အ​ဆိပ်​ပင်​ပေါက်​ပွား​သ​ကဲ့​သို့ တိုင်း ပြည်​တွင်​တ​ရား​မျှ​တ​မှု​အ​စား​မ​တ​ရား မှု​ကြီး​စိုး​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 10:4
16 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ စ​ပျစ်​ဥ​ယျာဉ်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တည်း။ နှစ်​သက်​တော်​မူ​သော​ပျိုး​ပင်​ကား၊ ယု​ဒ​လူ​တည်း။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​တော်​မူ​သည်​ရှိ​သော်၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း၊ ဖြော​င့်​မတ်​ခြင်း​အ​ရာ၌​လည်း ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း တွေ့​မြင်​တော်​မူ၏။


ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။


သူ​တို့​သည် အာ​ဒံ​ကဲ့​သို့ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး​ကြ​ပြီ။ နေ​ရင်း​အ​ရပ်၌ ငါ့​သ​စ္စာ​ကို ဖျက်​ကြ​ပြီ။


တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​ကို ဒေါ​န​ဖြစ်​စေ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မြေ​သို့​ချ​ကြ​ပြီး​သော​သူ​တို့၊


မြင်း​သည် ကျောက်​ပေါ်​မှာ ပြေး​တတ်​သ​လော။ လူ​သည် ကျောက်​ပေါ်​မှာ နွား​နှင့် ထွန်​တတ်​သ​လော။ သင်​တို့​သည်​တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ခါး​စွာ​သော သစ်​ရွက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို ဒေါ​န​ရွက် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ကြ​သည်​တ​ကား။


သင်​သည် ခါး​စွာ​သော​သည်း​ခြေ​စွဲ​သည်​ဖြစ်၍၊ ဒု​စ​ရိုက်​အ​နှောင်​အ​ဖွဲ့​နှင့် မ​လွတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဟု​ဆို၏။-


မိ​ဘ သား​မ​ယား​စ​သည်​တို့​ကို မ​ချစ်​သော​သူ၊ ရန်​ငြိုး​ထား​သော​သူ၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​မ​ရှိ​သော​သူ ဖြစ်​ကြ၏။-


ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွှဲ​ရှောင်​ချင်​သော သ​ဘော​ရှိ​လျက်၊ ထို​လူ​မျိုး​တို့၏ ဘု​ရား​များ​ထံ​သို့ သွား၍​ဝတ်​ပြု​သော​ယောက်ျား၊ မိန်း​မ၊ အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ခါး​စွာ​သော​အ​သီး၊ ဒေါ​န​ကို​သီး​တတ်​သော အ​ပင်​မြစ်​သည် သင်​တို့​တွင် ပေါက်​မည်​ဟူ၍​လည်း​ကောင်း၊


တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။


ထို​အ​ခါ ငါ​သည်​အ​မျက်​တော်​ထွက်၍ သူ​တို့​ကို​စွန့်​မည်။ သူ​တို့​မှ ငါ့​မျက်​နှာ​ကို လွှဲ​သ​ဖြင့်၊ သူ​တို့​သည်​ပျက်​စီး၍ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​က၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် ရှိ​တော်​မ​မူ​သော​ကြောင့်၊ ဤ​ဘေး​ဒဏ်​တို့​သည် ငါ​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ​လိမ့်​မည်။


ပ​က​တိ ကြင်​နာ​စုံ​မက်​ခြင်း​နှင့် ကင်း​သော​သူ၊ ရန်​ငြိုး​ဖွဲ့​သော​သူ၊ ချော​စား​တတ်​သော​သူ၊ ကိုယ်​ဣ​နြေ္ဒ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ ပြင်း​ထန်​သူ၊ သူ​တော်​ကောင်း​ကို မုန်း​သော​သူ၊-


သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​မ​ရ​ဘဲ မ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခါး​စွာ​သော ပင်​မြစ်​ပေါက်၍ သင်​တို့​နှောင့်​ယှက်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် အ​ပြစ်​နှင့် မ​ညစ်​ညူး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ