Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 4:10 - Judson Bible in Zawgyi Version

10 ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ နေ​တော်​မူ​သည်​နည်း​တူ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​သူ​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ​နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 အကြောင်းမူကား ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​တော်မူ​သကဲ့သို့ ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​သော​သူ​သည်​လည်း မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ သူ​သည် ဘု​ရား​သ​ခင်​နည်း​တူ​မိ​မိ​အ​လုပ်​မှ ငြိမ်​ဝပ်​စွာ​နေ​မည်​ဖြစ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 4:10
9 ပူးပေါင်းရင်းမြစ်များ  

သ​တ္တ​မ​နေ့​ရက်​ရောက်​လျှင်၊ ဘု​ရား​သ​ခင်​သည် ဖန်​ဆင်း​သော​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ခဲ့​ပြီး​သည်​ဖြစ်၍၊ ဖန်​ဆင်း​သ​မျှ​သော အ​မူ​အ​ရာ​တို့​သည် ပြီး​စီး​ပြီး​မှ၊ ထို​သ​တ္တ​မ​နေ့​၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏။


ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။


ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။


ထို​သ​ခင်​မူ​ကား၊ အ​ပြစ်​ကို​ဖြေ​ခြင်း​ငှာ ယဇ်​တစ်​ခု​တည်း​ကို ပူ​ဇော်​ပြီး​မှ​စ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ အ​စဉ်​အ​မြဲ​ထိုင်၍၊-


ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​လူ​တို့​အ​ဖို့ အ​လို​ငှာ ငြိမ်​ဝပ်​ခြင်း ချမ်း​သာ​တစ်​မျိုး​သည် ကျန်​ရစ်​သေး၏။-


တစ်​ဖန်​တုံ၊ ကောင်း​ကင်​အ​သံ​ကား၊ ယ​ခု​မှ​စ၍ သ​ခင်​ဘု​ရား၌ သေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။ ဝိ​ညာဉ်​တော်​က​လည်း၊ ထို​သို့​မှန်​ပေ၏။ ထို​သူ​တို့​သည် ပင်​ပန်း​ခြင်း ငြိမ်း​မည်​အ​ကြောင်း​ရှိ၍၊ သူ​တို့၏ အ​ကျင့်​တို့​သည်​လည်း သူ​တို့​နှင့်​အ​တူ လိုက်​ကြ၏​ဟု မိန့်​တော်​မူ၏။


ထို​သူ​တို့၌ ဖြူ​သော​ဝတ်​လုံ​ကို ပေး​တော်​မူ၏။ သူ​တို့​နည်း​တူ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​လ​တ္တံ့​သော မိ​မိ လုပ်​ဖော်​ဆောင်​ဖက် ညီ​အစ်​ကို​တို့​သည် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ၊ ခ​ဏ​ငြိမ်​သက်​စွာ နေ​ရ​ကြ​ဦး​မည်​ဟု သူ​တို့​အား​မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ