Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 3:18 - Judson Bible in Zawgyi Version

18 သင်​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ​သော သူ​တို့​ကား၊ မ​ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထို့ပြင် “ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မည်သူ​တို့​အား တိုင်တည်​၍​မိန့်​တော်မူ​ခဲ့​သနည်း။ နာခံ​ခြင်း​မ​ရှိ​သော​သူ​များ​ကို​ပင်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ``သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန် ပြည်​တော်​သို့​ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ ငါ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​ဘယ်​သူ​တို့ ကို​ရည်​ညွှန်း​၍​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ပါ​သ​နည်း။ ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​သူ​များ​ကို​ရည်​ညွှန်း​ခြင်း​ပင် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 3:18
16 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ အ​ထက်​မိုး​တိမ်​တို့​ကို​မှာ​ထား​လျက်၊ ကောင်း​ကင်​တံ​ခါး​တို့​ကို​ဖွင့်၍၊ သူ​တို့​စား​စ​ရာ​ဖို့ မ​န္န​ကို မိုး​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ကင်​ဆန်​စ​ပါး​ကို ပေး​တော်​မူ​သည်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​မြတ်​သော သူ​တို့၏​အ​စာ​ကို​သုံး​ဆောင်၍၊ ဝ​ပြော​စွာ​စား​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မ​ကိုး​စား​ဘဲ​နေ​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ရို​မ​သေ ပြု​ကြ​လိမ့်​မည်​နည်း။ သူ​တို့၌ ငါ​ပြ​ခဲ့​ပြီး​သ​မျှ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​ရ သော်​လည်း အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ယုံ​ဘဲ နေ​ကြ​လိမ့်​မည်​နည်း။


သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​ကို အ​ကယ်​စင်​စစ် သူ​တို့​သည်​မ​မြင်​ရ​ကြ။ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​မြင်​ရ။


ငါ​သည် ဤ​မည်​သော​ပြည်၌ သင်​တို့​ကို​နေ​ရာ​ချ​မည်​ဟု ငါ​ကျိန်​ဆို၏။ ထို​ပြည်​သို့ ယေ​ဖု​န္နာ၏​သား​ကာ​လက်၊ နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ရောက်​ရ။


ခါ​နာန်​ပြည်​ကို မ​ကောင်း​သော​သ​တင်း ကြား​ပြော​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကာ​လ​နာ​ဘေး​နှင့် သေ​ကြ​လေ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​ကြောင့်၊ ဤ​ပ​ရိ​သတ်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​သည် ပို့​ဆောင်​သော​အ​ခွင့်​ကို​မ​ရ​ကြ​ဟု မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ၏။


သင်​တို့​သည် အ​ထက်​က၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​သော်​လည်း၊ ယ​ခု​တွင် သူ​တို့ နား​မ​ထောင်​ခြင်း​အ​မှု​အား​ဖြင့်၊ သ​နား​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-


ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သွား၍​ငါ​ပေး​သော​ပြည်​ကို သိမ်း​ယူ​ကြ​လော့​ဟု သင်​တို့​ကို စေ​ခိုင်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ငြင်း​ဆန်​ကြ၏။ ကိုယ်​တော်​ကို​မ​ယုံ၊ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ၏။


ထို​ကြောင့်၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို​သည်​ဟု မိန့်​တော်​မူ​ချက်​ရှိ​သည်​နှင့်​အ​ညီ၊-


ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။-


ငါ​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ထို​သူ​တို့​ကဲ့​သို့ ကြား​ရ​ကြ​ပြီ။ သို့​ရာ​တွင် သူ​တို့​ကြား​ရ​သော တ​ရား​စ​ကား​သည်၊ ကြား​ရ​သော​သူ​တို့​အ​ထဲ၌ ယုံ​ကြည်​ခြင်း​နှင့် မ​ရော​နှော​သော​ကြောင့် အ​ကျိုး​ကို​မ​ပေး။-


ထို​ကြောင့်၊ အ​ချို့​တို့​သည် ဝင်​ရ​ကြ၏။ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ရှေ့​ဦး​စွာ ကြား​ရ​သော သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့် မ​ဝင်​ရ​ကြ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ