Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 1:10 - Judson Bible in Zawgyi Version

10 တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ရှေ့​ဦး​စွာ၌ မြေ​ကြီး​ကို တည်​တော်​မူ​ပြီ။ မိုး​ကောင်း​ကင်​သည်​လည်း လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ ဖြစ်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 တစ်ဖန် “အို ထာဝရ​ဘုရား၊ ကိုယ်တော်​သည် အစအဦး​၌ မြေကြီး​ကို​တည်​တော်မူ​၍ ကောင်းကင်​တို့​သည်​လည်း ကိုယ်တော်​၏​လက်ရာ​တော်​ဖြစ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ထို​နောက်​ကိုယ်​တော်​က၊ ``အို ထာ​ဝ​ရ​ဘု​ရား​ရှင်၊ကိုယ်​တော်​သည်​အ​စ မူ​လ​က ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​တိုင်​လက်​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 1:10
17 ပူးပေါင်းရင်းမြစ်များ  

အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင် နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။


မိုး​ကောင်း​ကင်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​အ​သ​ရေ​တော်​ကို ကြား​ပြော၍၊ မိုး​မျက်​နှာ​ကြက်​သည် လက်​တော်​နှင့်​လုပ်​သော​အ​ရာ​များ​ကို ပြ​သ၏။


သ​မု​ဒ္ဒ​ရာ၌ ကန့်​ကွက်​သော အ​ပိုင်း​အ​ခြား​ကို ရေ​မ​လွှမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​သော​အ​မှု၊ မြေ​ကြီး​တိုက်​မြစ်​တည်​သော အ​မှု​တို့​ကို​ပြီး​စီး​စေ​တော်​မူ​သော​အ​ခါ၊


ရေ​များ​ကို လက်​ဆွန်း​ဖြင့် ခြင်​သော​သူ၊ မိုး​ကောင်း​ကင်​ကို မိ​မိ​လက်​ဖြင့် ထွာ​သော​သူ၊ မြေ​မှုန့်​ကို တင်း​တောင်း​ဖြင့် ချင့်​တွက်​သော​သူ၊ တောင်​ကြီး​ကို ချိန်​ခွင်​ဖြင့်​လည်း​ကောင်း၊ တောင်​ငယ်​ကို ကပ်​ပယ်​ဖြင့်​လည်း​ကောင်း ချိန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။


မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊


အ​ကယ်​စင်​စစ် ငါ့​လက်​သည် မြေ​ကြီး​ကို​တည်​လေ​ပြီ။ ငါ့​လက်​ယာ​လက်​သည် မိုး​ကောင်း​ကင်​ကို ကြက်​လေ​ပြီ။ ငါ​ခေါ်၍ သူ​တို့​သည် ချက်​ချင်း​ပေါ်​လာ​ကြ၏။


မိုး​ကောင်း​ကင်​ကို ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​ကို​လည်း တည်​တော်​မူ​ထ​သော၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် မေ့​လျော့၍၊ ညှဉ်း​ဆဲ​သော​သူ​သည် ငါ့​ကို​ဖျက်​ဆီး​လု​ပြီ​ဟု စိတ်​ထင်​နှင့်၊ သူ၏​ဒေါ​သ​အ​မျက်​ကို အ​စဉ်​ကြောက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့​သော သ​ဘော​ရှိ​သ​နည်း။ ယ​ခု​မှာ ညှဉ်း​ဆဲ​သော​သူ၏ ဒေါ​သ​အ​မျက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။


မိုး​ကောင်း​ကင်​ကို မျှော်၍ ကြည့်​ကြ​လော့။ မြေ​ကြီး​ကို​လည်း ငုံ့၍ ကြည့်​ကြ​လော့။ မိုး​ကောင်း​ကင်​သည် မီး​ခိုး​ကဲ့​သို့ ကွယ်​ပျောက်၍၊ မြေ​ကြီး​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​လိမ့်​မည်။ မြေ​ကြီး​သား​တို့​သည် ခြင်​ကောင်​ကဲ့​သို့ သေ​ကြ​လိမ့်​မည်။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​မူ​ကား အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​လည်း ပ​ပျောက်​ခြင်း မ​ရှိ​နိုင်​ရာ။


သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အိုး​မြေ​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏ အိုး​ထိန်း​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ​ဖြစ်​ပါ၏။


အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​တော်​ကို​ဆန့်၍၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ကိုယ်​တော် မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ပါ။


ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊ မိုး​ကောင်း​ကင်​ကို ကြက်၍ မြေ​ကြီး​တိုက်​မြစ်​ကို ချ​တော်​မူ​ထ​သော၊ လူ​အ​ထဲ၌ လူ၏​ဝိ​ညာဉ်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊


မိုး​ကောင်း​ကင်​ကို​မျှော်၍၊ နေ၊ လ၊ ကြယ်​များ​တည်း​ဟူ​သော မိုး​ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို မြင်​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​အား ဝေ​ငှ​ပေး​ကမ်း​တော်​မူ​သော ထို​တန်​ဆာ​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​သည် သွေး​ဆောင်၍ မ​ရ​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။


တစ်​ဖန် ဟူ​သော​စ​ကား၏​အ​ဓိ​ပ္ပာယ်​ကား၊ မ​လှုပ်​သော​အ​ရာ​တို့​ကို တည်​စေ​ခြင်း​ငှာ၊ လှုပ်​သော​အ​ရာ​တို့​ကို လော​ကီ​အ​ရာ​ကဲ့​သို့ ပယ်​ဖျက်​လိမ့်​မည်​ဟု ဆို​လို​သ​တည်း။-


လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အ​ထွဋ်၊ သ​စ္စာ​ရှိ၍ ဟုတ်​မှန်​သော သက်​သေ​ခံ၊ အာ​မင်၏ အ​မိန့်​တော်​ကား၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ