ကမ္ဘာဦး 8:1 - Judson Bible in Zawgyi Version1 ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင်သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကိုအောက်မေ့၍၊ မြေကြီးပေါ်မှာ လေလာစေတော်မူသဖြင့် ရေငြိမ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ဘုရားသခင်သည် နောဧမှစ၍ သူနှင့်အတူသင်္ဘောထဲ၌ရှိသော တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အောက်မေ့တော်မူ၏။ ဘုရားသခင်သည် မြေကြီးပေါ်မှာလေတိုက်စေတော်မူသဖြင့် ရေသည် လျော့ကျသွားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။- အခန်းကိုကြည့်ပါ။ |
လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ စင်ကြယ်သောကိုယ်နှင့် လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော် များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။