Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမၻာ​ဦး 7:8 - Judson Bible in Zawgyi Version

8 ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ ငှက်​များ​နှင့် မြေ​ပေါ်​မှာ​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​အ​ထဲ​က၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 နောဧ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း စင်ကြယ်​သော​တိရစ္ဆာန်​၊ မ​စင်ကြယ်​သော​တိရစ္ဆာန်​၊ ငှက်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​အပေါင်း​တို့​ထဲမှ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8-9 ဘု​ရား​သ​ခင်​မိန့်​မှာ​သည့်​အ​တိုင်း​သန့်​စင်​သော တိရစ္ဆာန်​နှင့်​ငှက်၊ မ​သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​မှ တစ်​မျိုး​လျှင် အ​ဖို​နှင့်​အ​မ​အ​စုံ​တို့​သည် နော​ဧ​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 7:8
7 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​ထဲ​က၊ အ​ထီး​အ​မ၊ အ​စုံ​တို့​ကို​ယူ၍၊ သင်​နှင့်​အ​တူ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင်္ဘော​ထဲ​သို့ သွင်း​ရ​မည်။


ငှက်​လည်း​အ​မျိုး​အ​လိုက်၊ သား​လည်း​အ​မျိုး​အ​လိုက်၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​လည်း အ​မျိုး​အ​လိုက်၊ အ​ထီး​အ​မ၊ အ​စုံ​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။


သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ ပျံ​တတ်​သော​ကြက်​ငှက်​မျိုး၊


မြေ​ကြီး​ပေါ်​မှာ တိ​ရ​စ္ဆာန်​အ​မျိုး​မ​ပျက်​ဆက်​နွယ်​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင် အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ မ​စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​နှစ်​စုံ​စီ၊


မိုး​ကောင်း​ကင်​ငှက်၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ အ​သီး​အ​သီး​တို့​ကို သိမ်း​ယူ​ရ​မည်။


အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။


ထို​တန်​ဆာ​ထဲ၌ သား​ရဲ​မှ​စ၍ မြေ၌​ကျင်​လည် သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​သည် ရှိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ