Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမၻာ​ဦး 7:11 - Judson Bible in Zawgyi Version

11 နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်ဝ​များ​ကို ဖွင့်​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 နောဧ​အသက်​ခြောက်​ရာ​ပြည့်​သော​နှစ်​၊ ဒုတိယ​လ​၊ တစ်ဆယ့်ခုနစ်​ရက်​နေ့​၊ ထို​နေ့​၌ ကြီးမား​နက်ရှိုင်း​ရာ​အရပ်​မှ ရေထွက်ပေါက်​ရှိသမျှ​တို့​ကို ဖွင့်ချ​၍ မိုးကောင်းကင်​ရေတံခါး​များ​ကို ဖွင့်​တော်မူ​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 နော​ဧ​အ​သက်​ခြောက်​ရာ​ပြည့်​သော​နှစ်၊ ဒု​တိ​ယ လ​တစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​သ​မုဒ္ဒ​ရာ​စမ်း​ပေါက် တို့​ပွင့်​လေ​၏။ မိုး​ကောင်း​ကင်​ရေ​တံ​ခါး​အား​လုံး တို့​လည်း​ပွင့်​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 7:11
27 ပူးပေါင်းရင်းမြစ်များ  

မိုး​မျက်​နှာ​ကြက်​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​၍၊ မိုး​မျက်​နှာ​ကြက်​အောက်​၌​ရှိ​သော​ရေ​နှင့်၊ မိုး​မျက်​နှာ​ကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်း​ခြား​တော်​မူ​သည်​အ​တိုင်း ဖြစ်​လေ​၏။


အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။


မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​သော​အ​ခါ၊ နော​ဧ​သည် အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။


ဒု​တိ​ယ​လ၊ နှစ်​ဆယ်​ခု​နစ်​ရက်​နေ့​တွင် မြေ​ကြီး​သွေ့​ခြောက်​လေ၏။


နက်​နဲ​ရာ​ရေ​ပေါက်​ရေ​တွင်း​များ၊ မိုး​ကောင်း​ကင်​ပြွန်​ဝ​များ​ကို ဆို့​ပိတ်၍၊ မိုး​ကို​စဲ​စေ​တော်​မူ​၏။


အ​မတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြူ​တင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို၍၊ ဘု​ရား​သ​ခင်၏​လူ​က သင်​သည်​ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော​သည်​အ​တိုင်း၊


ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြူ​တင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။


ရေ​များ​ကို ဆီး​တား​ပိတ်​ပင်​တော်​မူ​လျှင် ခန်း​ခြောက်​ရ၏။ တစ်​ဖန် လွှတ်​တော်​မူ၍ မြေ​ကြီး​ကို လွှမ်း​မိုး​ကြ၏။


တောင်​ခြေ​ရင်း၌​တွင်း​တူး၍၊ ခြေ​ဖြင့် ကိုယ်​ကို​မ​ထောက်​ဘဲ ဆင်း၍၊ လူ​နေ​ရာ​ကို စွန့်​သွား​တတ်၏။


သင်​သည် သ​မု​ဒ္ဒ​ရာ​စမ်း​ရေ​ပေါက်​ထဲ​သို့ ဝင်​ဖူး​သ​လော။ နက်​နဲ​သော အောက်​ဆုံး​အ​ရပ်၌ လှည့်​လည်​ဖူး​သ​လော။


မြေ​မှုန့်​သည် လုံး​ထွေး၍ မြေ​စိုင်​တို့​သည် ကပ်​လျက်​နေ​သော​အ​ခါ၊


သ​မု​ဒ္ဒ​ရာ​ရေ​ကို စု​ပုံ​စု​ဝေး​စေ​တော်​မူ၏။ နက်​နဲ​သော​သ​မု​ဒ္ဒ​ရာ​ကို​လည်း လုံ​ခြုံ​ရာ​အ​ရပ်​တို့၌ သို​ထား​တော်​မူ၏။


စမ်း​ရေ​နှင့် ချောင်း​ရေ​ကို ပေါက်​စေ​တော်​မူ​ပြီ။ ရေ​မ​ပြတ်​သော​မြစ်​တို့​ကို​လည်း ခန်း​ခြောက်​စေ​တော်​မူ​ပြီ။


သိ​ပ္ပံ​အ​တတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရပ်​အက်​ကွဲ၍၊ မိုး​တိမ်​မှ​လည်း နှင်း​ရည်​ကျ​တတ်၏။


ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ကောင်း​ကင်​ပြွန်​ဝ​ပွင့်​လျက်​ရှိ၍၊ မြေ​ကြီး​အ​မြစ်​လည်း လှုပ်​ရှား​လေ၏။


ပြည်​တော်​သည် တစ်​ပြည်​လုံး ပြုတ်​လေ​ပြီ။ ပြည်​တော်​သည် အ​ကုန်​အ​စင် ပြို​ပျက်​လေ​ပြီ။ ပြည်​တော်​သည် အ​လွန်​တုပ်​လှုပ်​လျက် ရှိ​လေ၏။


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊


အ​သံ​တော်​ကို လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ အ​သံ​ဗ​လံ​ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မ​နေ​သော​မြို့​ကဲ့​သို့ ငါ​သည် သင့်​ကို​ဆိတ်​ညံ​စေ​လျက်၊ ပင်​လယ်​ကို သင့်​အ​ပေါ်​သို့​ဆောင်​ခဲ့၍၊ လှိုင်း​တံ​ပိုး​တို့​သည် သင့်​ကို​လွှမ်း​မိုး​သော​အ​ခါ၊


ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြူ​တင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ရေ​လွှမ်း​မိုး​ခြင်း မ​ဖြစ်​မီ​ကာ​လ၌ နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ၍၊-


ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-


ဖြစ်​ဖူး​သော​လော​က​ဓာတ်​ကို ထို​သို့​အား​ဖြင့် ရေ​နှင့်​လွှမ်း​မြှုပ်၍ ဖျက်​ဆီး​ကြောင်း​ကို ထို​သူ​တို့​သည် မှတ်​မိ​ချင်​သော​စိတ် မ​ရှိ​ကြ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ