Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမၻာ​ဦး 2:16 - Judson Bible in Zawgyi Version

16 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​မှ​တစ်​ပါး၊ ထို​ဥ​ယျာဉ်​၌ ရှိ​သ​မျှ​သော​အ​ပင်​တို့​၏​အ​သီး​ကို သင်​သည်​စား​ရ​သော​အ​ခွင့်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထာဝရအရှင်​ဘုရားသခင်​က လူ​အား “​သင်​သည် ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​၏​အသီး​ကို လွတ်လပ်​စွာ​စား​ခွင့်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16-17 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``သင်​သည် အ​ကောင်း​နှင့်​အ​ဆိုး​ကို ပိုင်း​ခြား​သိ​မြင်​နိုင်​စေ သော​အ​ပင်​၏​အ​သီး​မှ​တစ်​ပါး ဥ​ယျာဉ်​ထဲ​၌ ရှိ​သ​မျှ​သော​အ​ပင်​၏​အ​သီး​ကို​စား​နိုင်​၏။ ထို​အ​ပင်​၏​အ​သီး​ကို​ကား​မ​စား​ရ။ စား သော​နေ့​၌​သေ​ရ​မည်'' ဟု​လူ​အား​ပညတ် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 2:16
8 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​က​လည်း၊ ကြည့်​ရှု​လော့။ မြေ​တ​စ်​ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။


ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ယူ၍ ဧ​ဒင်​ဥ​ယျာဉ်​ကို ပြု​စု​စောင့်​ရှောက်​စေ​ခြင်း​ငှာ ထား​တော်​မူ​၏။


ထို​မြေ​ထဲ​က အ​ဆင်း​လှ၍၊ စား​ဖွယ်​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ပေါက်​စေ​တော်​မူ​၏။ ထို​ဥ​ယျာဉ်​အ​လယ်၌ အ​သက်​ပင်​လည်း​ရှိ၏။ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​လည်း​ရှိ​၏။


ဥ​ယျာဉ်​အ​လယ်၌​ရှိ​သော အ​ပင်၏​အ​သီး​ကို​ကား၊ သင်​တို့​သည် မ​ကိုင်​မ​စား​ဘဲ နေ​ကြ​လော့။ သို့​မ​ဟုတ်​သေ​မည်​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ​သည်​ဟု မြွေ​အား​ဆို၏။


ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သည် သုံး​စ​ရာ​ကောင်း၏။ ‌ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​ခံ​ယူ​လျှင်၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​ပယ်​မ​ရှောင်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ အ​ရာ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။


ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-


ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ခြင်း၌ အား​ရ​တော်​မူ​သ​ကဲ့​သို့၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ခြင်း၌ အား​ရ​တော်​မူ​မည်​လော။ အ​လို​တော်​သို့​လိုက်​ခြင်း​သည် ယဇ်​မျိုး​ထက်​သာ၍ ကောင်း၏။ နား​ထောင်​ခြင်း​သည် သိုး​ထီး​ဆီ​ဥ​ထက်​သာ၍ ကောင်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ