Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမၻာ​ဦး 17:9 - Judson Bible in Zawgyi Version

9 တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သို့​ဖြစ်၍ သင်​နှင့်​တ​ကွ​သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 တစ်ဖန် ဘုရားသခင်​က အာဗြဟံ​အား “​သင်​မူကား သင်​မှစ၍ နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​တို့​သည် မျိုးဆက်​အစဉ်အဆက် ငါ​၏​ပဋိညာဉ်​ကို စောင့်ထိန်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 တစ်​ဖန်​ဘု​ရား​သ​ခင်​က``သင်​နှင့်​တ​ကွ​သင် ၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့​က​လည်း ငါ​၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 17:9
6 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​လည်း၊ သား​ဣ​ရှ​မေ​လ​မှ​စ၍၊ ကိုယ်​အိမ်၌ ဖွား​သော​သူ​အ​ပေါင်း၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော၊ အာ​ဗြ​ဟံ​အိမ်​နှင့်​ဆိုင်​သော ယောက်ျား​အ​ပေါင်း​တို့​ကို​ယူ၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​နေ့​ချင်း​တွင် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ​၏။


အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။


သ​စ္စာ​တော်​ကို​စောင့်၍ ပ​ညတ်​တော်​တို့​ကို​ကျင့်​ခြင်း​ငှာ၊ သ​တိ​ပြု​သော​သူ​တို့၏ သား​စဉ်​မြေး​ဆက်​တို့​သည် ကု​သ​လ​တ​ရား​တော်​နှင့် ဆိုင်​ရ​ကြ၏။


ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​အား က​ရု​ဏာ​နှင့် သ​စ္စာ​ဖြစ်​ကြ​သ​တည်း။


ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ