Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမၻာ​ဦး 1:6 - Judson Bible in Zawgyi Version

6 တ​စ်​ဖန်​ဘု​ရား​သ​ခင်​က ရေ​အ​လယ်​၌ မိုး​မျက်​နှာ​ကြက်​ဖြစ်​စေ၊ ရေ​နှင့် ရေ​ချင်း​ခြား​နား​စေ​ဟု အ​မိန့်​တော်​ရှိ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 တစ်ဖန် ဘုရားသခင်​က “​ရေ​အလယ်​၌ မိုးမျက်နှာကြက်​ဖြစ်စေ​။ မိုးမျက်နှာကြက်​သည် ရေ​နှင့်​ရေ​ကို​ပိုင်းခြား​စေ​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6-7 ထို​နောက်​ဘု​ရား​သ​ခင်​က ``ရေ​ရေ​ချင်း​နှစ်​ပိုင်း ခွဲ​ခြား​တည်​ရှိ​စေ​ရန် မိုး​မျက်​နှာ​ကြက်​ဖြစ်​ပေါ် စေ'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​ပေါ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သို့​မိုး​မျက်​နှာ​ကြက် ကို​ဖြစ်​ပေါ်​စေ​၍ မိုး​မျက်​နှာ​ကြက်​ရှိ​ရေ​နှင့် အောက်​ရှိ​ရေ​ကို​ပိုင်း​ခြား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 1:6
23 ပူးပေါင်းရင်းမြစ်များ  

တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ နေ့​နှင့် ည​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ အ​လင်း​အိမ်​တည်​စေ။ နိ​မိတ်​လ​က္ခ​ဏာ၊ ချိန်း​ချက်​သော​အ​ချိန်၊ နေ့​ရက်​အ​ပိုင်း​အ​ခြား၊ နှစ်​အ​ပိုင်း​အ​ခြား​ဖို့​ဖြစ်​စေ။


တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​တို့​ကို ရေ​သည်​များ​ပြား​စွာ မွေး​ဖွား​စေ။ ငှက်​တို့​လည်း မြေ​ပေါ် မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​ပြင်​ဝယ်​ပျံ​စေ​ဟု အ​မိန့်​တော်​ရှိ​၏။


ဝိ​ညာဉ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​ပြင်၍၊ လျင်​မြန်​သော​န​ဂါး​ကို​လည်း ဖန်​ဆင်း​တော်​မူ၏။


မိုး​တိမ်​မှ မိုး​ရေ​ကို သက်​ရောက်​စေ၍၊ ရောင်​ခြည်​တော်​အား​ဖြင့် မိုး​တိမ်​ကို ပျောက်​လွင့်​စေ​တော်​မူ၏။


သွန်း​သော ကြေး​မုံ​ကဲ့​သို့ တည်​လျက်​ရှိ​သော မိုး​ကောင်း​ကင်​ကို သင်​သည် ဘု​ရား​သ​ခင်​နှင့် ဝိုင်း​ညီ၍ ကြက်​သ​လော။


အ​ဝတ်​နှင့်​ခြုံ​သ​ကဲ့​သို့၊ အ​လင်း​နှင့် ကိုယ်​တော်​ကို​ခြုံ​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်​တော်​မူ​ထ​သော၊


ကောင်း​ကင်​အ​ထပ်​ထပ်​နှင့် ကောင်း​ကင်​ပေါ်​မှာ ရေ​များ​တို့၊ ချီး​မွမ်း​ကြ​လော့။


သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ ဘုန်း​တော်​ထင်​ရှား​ရာ ကောင်း​ကင်​မျက်​နှာ​ကြက်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။


မိုး​ကောင်း​ကင်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​အ​သ​ရေ​တော်​ကို ကြား​ပြော၍၊ မိုး​မျက်​နှာ​ကြက်​သည် လက်​တော်​နှင့်​လုပ်​သော​အ​ရာ​များ​ကို ပြ​သ၏။


တစ်​နေ့​ကို​တစ်​နေ့ မြွက်​ဆို၍၊ တစ်​ည​ကို​တစ်​ည သွန်​သင်၏။


ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​အ​သက်​အား​ဖြင့် မိုး​ကောင်း​ကင် တန်​ဆာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။


အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို၍၊ မြွက်​ဆို​တော်​မူ​သည်​အ​တိုင်း​ဖြစ်၏။ အ​မိန့်​တော်​ရှိ၍၊ မိန့်​တော်​မူ​သည်​အ​တိုင်း တည်​လျက်​နေ၏။


မိုး​တိမ်​တို့​သည် မိုး​ရေ​နှင့်​ပြည့်​သော​အ​ခါ မြေ​ပေါ်​မှာ​ရွာ​တတ်၏။ သစ်​ပင်​သည် တောင်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ မြောက်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ လဲ​သော​အ​ရပ်၌ နေ​ရာ​ကျ၏။


မြေ​ကြီး​စက်​အ​ပေါ်​မှာ ထိုင်၍၊ မြေ​ကြီး​သား​တို့​ကို နှံ​ကောင်​ကဲ့​သို့ မှတ်​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်၍၊ နေ​စ​ရာ​တဲ​ကဲ့​သို့ ဖြန့်​တော်​မူ​ထ​သော၊


ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မှန်​သော​ဘု​ရား၊ အ​သက်​ရှင်​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ၏။ အ​မျက်​တော်​ထွက်​လျှင် မြေ​ကြီး​တုန်​လှုပ်​ရ၏။ လူ​အ​မျိုး​မျိုး​တို့​သည် အ​မျက်​တော်​ကို​မ​ခံ​နိုင်​ကြ။


တန်​ခိုး​တော်​အား​ဖြင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ပ​ညာ​တော်​အား​ဖြင့် လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို ကြက်​တော်​မူ​ပြီ။


ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊ မိုး​ကောင်း​ကင်​ကို ကြက်၍ မြေ​ကြီး​တိုက်​မြစ်​ကို ချ​တော်​မူ​ထ​သော၊ လူ​အ​ထဲ၌ လူ၏​ဝိ​ညာဉ်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊


ရှေး​ကာ​လ၌ မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ရေ​ထဲ​က​ထွက်၍ ရေ​ဖြင့်​တည်​သော မြေ​ကြီး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဖြစ်​စေ​တော်​မူ​ကြောင်း​နှင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ