ဂလာတိ 4:6 - Judson Bible in Zawgyi Version6 ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ထိုသို့ သင်တို့သည် သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် “အဗ္ဗ၊ အဖ”ဟု ခေါ်တတ်သော မိမိသားတော်၏ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီသည် မိမိနှင့် လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊-
အဘယ်သို့နည်း ဟူမူကား၊ ငါသည် အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊ ယခုပင် ထင်ရှားတော်မူမည်ဟု ငါမျှော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ ဆုတောင်းသဖြင့်လည်းကောင်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်လည်းကောင်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။-
ခရစ်တော်ခံတော်မူရသော ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သော သူကိုလည်းကောင်း၊ အဘယ်သို့သော အချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။-
ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ ခြေရင်း၌ ပျပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဖက် ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏သက်သေ ဖြစ်သတည်းဟု ငါ့အားပြောဆို၏။