ဂလာတိ 4:12 - Judson Bible in Zawgyi Version12 ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ဖြစ်ကြလော့ဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကို အလျှင်းမပြစ်မှားကြ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။- အခန်းကိုကြည့်ပါ။ |
ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟု မေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန်ပြော၏။
သူတို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တစ်ပါးအမျိုး၏ထုံးစံအတိုင်း ကျင့်လျှင်၊ တစ်ပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှာ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။