Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂ​လာ​တိ 3:9 - Judson Bible in Zawgyi Version

9 သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံ​ကြည်​သော အာ​ဗြ​ဟံ​နှင့်​အ​တူ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို့ကြောင့် ယုံကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံကြည်​သော​အာဗြဟံ​နှင့်အတူ ကောင်းချီး​မင်္ဂလာ​ခံစား​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည် သည့်​အ​တွက် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သည်။ သို့​ဖြစ်​၍​ယုံ​ကြည်​သူ​လူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ​နည်း​တူ​ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 3:9
8 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​အို၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ရာ​ရာ၌ သူ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။


အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​ဘဲ ယုံ​ကြည်​သော​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​ရှိ​သည်​ဟု မှတ်​စ​ရာ​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊-


ထို​ကြောင့်၊ က​တိ​တော်​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​မျိုး​အ​နွယ်​တို့၌ ပြည့်​စုံ​သည်​သာ​မ​က၊ အာ​ဗြ​ဟံ၏ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် ဆိုင်​သော​သူ​တို့၌ ပြည့်​စုံ​လျက်၊ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ ပြည့်​စုံ​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့​ရောက်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​သာ အ​မှီ​ပြု၍ ရောက်​နိုင်၏။-


ငါ​တို့​အ​ကျိုး​အ​လို​ငှာ ရေး​ထား​သ​တည်း။ ငါ​တို့ သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​သူ​ကို ငါ​တို့​သည် ယုံ​ကြည်​လျှင်၊ ထို​ယုံ​ကြည်​ခြင်း​ကို ငါ​တို့၏​ဖြောင့်​မတ်​ခြင်း​ဟု မှတ်​တော်​မူ​လ​တ္တံ့။-


အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​ခံ​ရ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​သည်​ဖြစ်၍၊ ငါ​တို့​သည် က​တိ​တော်​နှင့် ယှဉ်​သော ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​မည်​အ​ကြောင်း​တည်း။


ခ​ရစ်​တော်​နှင့်​စပ်​ဆင်​လျှင်​အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်၍၊ က​တိ​တော်​အ​တိုင်း အ​မွေ​ခံ၏​အ​ရာ၌ တည်​ကြ၏။


ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဣ​ဇာက်​ကဲ့​သို့ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော သား​ဖြစ်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ