ဂလာတိ 2:7 - Judson Bible in Zawgyi Version7-8 အရေဖျားလှီးခြင်းကိုခံသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တစ်ပါးအမျိုးသားတို့တွင် ငါ့ကို တမန်တော်ဖြစ်စေခြင်းငှာ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော်မူသည်နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ငါ၌ အပ်တော်မူကြောင်းကို သူတို့သည် သိမြင်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 သို့သော် ကောင်းမြတ်သောသတင်းကို အရေဖျားလှီးထားသောသူတို့အတွက် ပေတရု၌ယုံကြည်အပ်နှံတော်မူသကဲ့သို့ အရေဖျားမလှီးသောသူတို့အတွက် ငါ၌ယုံကြည်အပ်နှံတော်မူကြောင်းကို သူတို့တွေ့မြင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ထိုသူတို့သည်ငါ့အားအကြံဉာဏ်သစ် ပေးမည့်အစားဘုရားသခင်သည် ပေတရု အားသတင်းကောင်းကိုအရေဖျားလှီး မင်္ဂလာခံသူတို့အား ဟောပြောကြေညာ ရန်တာဝန်ပေးတော်မူသကဲ့သို့ ငါ့အား လူမျိုးခြားတို့အားသတင်းကောင်းကို ဟောပြောကြေညာရန် တာဝန်ပေးတော်မူ ကြောင်းသိမြင်လာကြလေသည်။- အခန်းကိုကြည့်ပါ။ |
ထိုသို့ဆိုသော်၊ ငါသည် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့် အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏စိတ်ကို တစ်ခုခုအားဖြင့် နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှာ၊ တစ်ပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။-
သူတို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တစ်ပါးအမျိုး၏ထုံးစံအတိုင်း ကျင့်လျှင်၊ တစ်ပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှာ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
အမှီတံကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံသော သူတို့ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည် တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်အကြောင်း၊ လက်ယာလက်ခံခြင်းကို ဗာနဗနှင့် ငါ့အား ပေးကြ၏။-
ငါတို့ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဉာဏ်ပညာအတိုင်း သင်တို့အား ရေး၍ပေးလိုက်သော စာ၌လည်းကောင်း၊ သူသည် ဤအရာများကို ပြော၍ စီရင်သော ဩဝါဒစာရှိသမျှတို့၌လည်းကောင်း ပါသည်နှင့်အညီ၊ ငါတို့ သခင်ဘုရား သည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။-