Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂ​လာ​တိ 2:3 - Judson Bible in Zawgyi Version

3 သို့​သော်​လည်း ငါ​နှင့်​အ​တူ​ပါ​သော ဟေ​လ​သ​အ​မျိုး​တိ​တု​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 သို့ရာတွင် ငါ​နှင့်အတူ​ပါ​လာ​သော​တိတု​သည် ဂရိ​လူမျိုး​ဖြစ်​လျက်​ပင် အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ခြင်း​ကို မ​ခံ​ခဲ့​ရ​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3-4 ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ​သို့​ဝင်​ရောက်​လာ သူ​ယုံ​ကြည်​သူ​အ​ယောင်​ဆောင်​အ​ချို့​တို့​က ငါ​၏​အ​ဖော်​တိ​တု​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ကို​ပေး​စေ​လို​ကြ​၏။ သူ​သည်​ဂ​ရိ အ​မျိုး​သား​ပင်​ဖြစ်​သော်​လည်း ငါ​သည် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​အ​တင်း မ​ခံ​စေ​ပါ။ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ရှိ​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော လွတ်​လပ်​မှု​ကို​လျှို့​ဝှက်​စွာ​စုံ​စမ်း​လို​သ​ဖြင့် ထို​သူ​တို့​သည်​ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ သို့​ဝင်​ရောက်​လာ​ကြ​ခြင်း​ဖြစ်​သည်။ သူ​တို့ က​ငါ​တို့​အား​ကျွန်​ဖြစ်​စေ​လို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 2:3
8 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ချို့​တို့​သည် ငါ​တို့​အ​ခွင့်​မ​ရှိ​ဘဲ ငါ​တို့​ထံ​မှ​ထွက်​သွား၍၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ​မည်၊ ပ​ညတ်​တ​ရား​ကို​ကျင့်​ရ​မည်​ဟူ​သော​စ​ကား​ဖြင့်၊ သင်​တို့၏ စိတ်​နှ​လုံး​ကို နှောင့်​ယှက်​ဖျက်​ဆီး​သည်​ကို ငါ​တို့​ကြား​ရ​သည်​ဖြစ်၍၊-


ပေါ​လု​သည် ထို​သူ​ကို​ခေါ်​ခြင်း​ငှာ အ​လို​ရှိ၍၊ သူ၏​အ​ဘ​သည် ဟေ​လ​သ​လူ​ဖြစ်​သည်​ကို ထို​အ​ရပ်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ့​အား​ပေး​လေ၏။-


ငါ့​ညီ​တိ​တု​ကို ငါ​မ​တွေ့​သော​ကြောင့် စိတ်​မ​သက်​သာ​သ​ဖြင့်၊ ထို​သူ​တို့​ကို အ​ခွင့်​ပန်​ပြီး​မှ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ထွက်​သွား​လေ၏။


ထို​နောက် တစ်​ဆယ်​လေး​နှစ်​လွန်​ပြီး​မှ၊ ငါ​သည် တိ​တု​ကို​ခေါ်၍ ဗာ​န​ဗ​နှင့်​အ​တူ ယေ​ရု​ရှင်​မြို့​သို့ တစ်​ဖန် သွား​လေ၏။-


ဆက်​ဆံ​သော​ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​တု​ကို ကြား​လိုက်​ပါ၏။ ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော် ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ