ဧဇရမှတ်စာ 9:14 - Judson Bible in Zawgyi Version14 အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တစ်ဖန်လွန်ကျူး၍၊ ဤရွံရှာဖွယ်အမှုတို့ကို ပြုတတ်သောလူမျိုးနှင့် ပေါင်းဖော်လျှင် တစ်ယောက်မျှမလွတ်၊ မကျန်ကြွင်းစေခြင်းငှာ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည် မဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 အကျွန်ုပ်တို့သည် ပညတ်တော်များကို ထပ်မံချိုးဖောက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောလူမျိုးနှင့် ထိမ်းမြားမည်ဆိုလျှင် အကျွန်ုပ်တို့သည် အသက်ဘေးမှမလွတ်၊ ကြွင်းကျန်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် ကိုယ်တော်သည် အမျက်ထွက်၍ ဖျက်ဆီးတော်မူမည်မဟုတ်လော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 အကျွန်ုပ်တို့သည်ကိုယ်တော်၏ပညတ်တော် တို့ကိုတစ်ဖန်လျစ်လူရှုလျက် ဤယုတ်မာသူ များနှင့်ထိမ်းမြားစုံဖက်ကြလျှင် ကိုယ်တော် သည်အကျွန်ုပ်တို့အားအမျက်ပြင်းစွာထွက် တော်မူသဖြင့် တစ်ယောက်မျှမကျန်အောင် သုတ်သင်ဖျက်ဆီးပစ်တော်မူမည်မဟုတ် ပါလော။- အခန်းကိုကြည့်ပါ။ |
ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန်ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသောတံစို့ကို ပေးတော်မူသောကျေးဇူးတော် ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှူပြန်ရသော အခွင့်ကို ပေးတော်မူပြီ။
ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ဘုရားသခင် ရောက်စေတော်မူသည် မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ်တင်လျက်၊