Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 8:20 - Judson Bible in Zawgyi Version

20 လေ​ဝိ​သား​တို့​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​နှင့် မှူး​တော်​မတ်​တော်​ခန့်​ထား​သော ဘု​ရား​ကျွန်​များ၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ နှစ်​ရာ​နှစ်​ကျိပ်​တို့​ကို ခေါ်​ခဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ဗိမာန်တော်​အစေအပါး​တို့​တွင် လေဝိ​အမျိုး​တို့​အမှု​တော်​ထမ်း​ရာ​၌ ကူညီ​ပေး​ရန် ဒါဝိဒ်​မင်းကြီး​နှင့်​အကြီးအကဲ​တို့ ခန့်ထား​ခဲ့​သော​ဗိမာန်တော်​အစေအပါး အယောက်​နှစ်ရာ့​နှစ်ဆယ်​တို့​ကို တစ်ယောက်မကျန်​အမည်​စာရင်း​နှင့်တကွ ပို့ဆောင်​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ထို့​ပြင်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို​ကူ​ညီ​ရန် ဒါ​ဝိဒ်​မင်း​နှင့်​မှူး​မတ်​တော်​များ​စီ​မံ​ခဲ့​သည့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​နှစ်​ရာ့​နှစ်​ဆယ် တို့​လည်း​ပါ​လာ​လေ​သည်။ သူ​တို့​အား​လုံး ၏​နာ​မည်​များ​ကို​စာ​ရင်း​သွင်း​ထား​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 8:20
7 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန် ကိုယ်​ပိုင်​ထိုက်​သော မြို့​ရွာ​တို့၌ အ​ဦး​ဆုံး​နေ​ရာ​ကျ​သော​သူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန် အ​သီး​အ​သီး ဖြစ်​ကြ၏။


ဘု​ရား​ကျွန်​ခံ​သူ၊ ဇိ​ဟ​အ​မျိုး​သား၊ ဟ​သု​ဖ​အ​မျိုး​သား၊ တ​ဗ္ဗောက်​အ​မျိုး​သား၊


အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​ခု​နစ်​နှစ်​တွင်၊ အ​ချို့​သော ဣ​သ​ရေ​လ​အ​မျိုး​သား ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​သွား​ကြ၏။


က​သိ​ဖိ​မြို့​သူ​ကြီး ဣ​ဒေါ​ထံ​သို့ မှာ​စာ​နှင့်​စေ​လွှတ်​လျက်၊ ဣ​ဒေါ​နှင့် က​သိ​ဖိ​မြို့​မှာ နေ​သော​သူ၏ ညီ​အစ်​ကို​ဘု​ရား​ကျွန်​တို့​သည်၊ ငါ​တို့​ဘု​ရား​သ​ခင့် အိမ်​တော်​အ​မှု​စောင့်​များ​ကို ပေး​စေ​ခြင်း​ငှာ၊ သူ​တို့​အား အ​ဘယ်​သို့ ပြော​ဆို​ရ​မည်​ကို ငါ​မှာ​လိုက်၏။


ဟာ​ရှ​ဘိ​နှင့် မေ​ရာ​ရိ​အ​မျိုး ယေ​ရှာ​ယ​နှင့် သူ၏​ပေါက်​ဖော် နှစ်​ကျိပ်၊


လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့၌ အပ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး၍ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။


အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်​ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ