Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 7:16 - Judson Bible in Zawgyi Version

16 ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​ဖို့ အ​လို​လို​လှူ၍ ဗာ​ဗု​လုန်​ပြည်၌ သင်​ရ​နိုင်​သ​မျှ​သော ရွှေ​ငွေ​ကို ဆောင်​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့် အ​တွင်း​ဝန်​ခု​နစ်​ပါး စေ​လွှတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ဘေဘီလုံ​နယ်​တစ်ဝန်းလုံး​မှ ပေးလှူ​ထောက်ပံ့​သော​ရွှေ​ငွေ​များ​၊ ဂျေရုဆလင်​မြို့​ရှိ​ဘုရားသခင်​၏​အိမ်​တော်​အဖို့ အစ္စရေး​လူမျိုး​နှင့် ယဇ်ပုရောဟိတ်​တို့ စေတနာစိတ်​ဖြင့်​ပေးလှူ​လိုက်​သော ရွှေ​ငွေ​များ​ကို​လည်း ယူဆောင်​သွား​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို့​အ​ပြင်​သင်​သည်​ဗာ​ဗု​လုန်​ပြည်​နယ်​တစ် ခု​လုံး​မှ​ကောက်​ခံ​ရ​သ​မျှ​ရွှေ​ငွေ​ကို​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယဇ် ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စံ တော်​မူ​သည့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကောင်း​ယူ​ဆောင်​သွား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 7:16
13 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။


အ​ဆွေ​အ​မျိုး​တို့၏ အ​ကြီး​အ​ကဲ​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​စိုး​သော​မင်း​များ၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​များ၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို စီ​ရင်​သော​သူ​များ​တို့​သည် ကြည်​ညို​သော​စိတ်​ရှိ၍၊


လူ​များ​တို့​သည် စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော စိတ်​သ​ဘော​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ကြောင့် ဝမ်း​မြောက်​ကြ၏။ ဒါ​ဝိဒ်​မင်း​ကြီး​သည်​လည်း အ​လွန်​တ​ရာ​ဝမ်း​မြောက်​တော်​မူ၏။


အ​ရှေ့​တံ​ခါး​မှူး၊ လေ​ဝိ​သား ဣ​မ​န​သား​ကော​ရ​သည်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား လှူ​ဒါန်း​ပူ​ဇော်​သော​ဥ​စ္စာ၊ အ​လွန်​သန့်​ရှင်း​သော ဥ​စ္စာ​များ​ကို ဝေ​ဖန်​ရ​သော​အ​မှု​အုပ် ဖြစ်၏။


သို့​ရာ​တွင် ကိုယ်​တော်​ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်၊ အ​စဉ်​အ​မြဲ​နေ​တော်​မူ​ရာ​ဌာ​န​တော်​ကို အ​ကျွန်ုပ်​တည်​ဆောက်​ပါ​ပြီ​ဟု မြွက်​ဆို၏။


ဘု​ရား​သ​ခင်၏​လူ​တည်း​ခို​ရာ အ​ရပ်​ရပ်၌​နေ​သော သူ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ဖို့ အ​လို​လို​လှူ​သော အ​လှူ​မှ​တစ်​ပါး၊ ရွှေ၊ ငွေ၊ ဥ​စ္စာ၊ တိ​ရ​စ္ဆာန်​နှင့် မ​စ​စေ​ဟု မိန့်​တော်​မူ၏။


အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​သည်၊ အ​လို​လို​လှူ​သော အ​လှူ​မှ​တစ်​ပါး၊ ငွေ​တန်​ဆာ​နှင့် ရွှေ​အ​စ​ရှိ​သော ဥ​စ္စာ​များ၊ တိ​ရ​စ္ဆာန်​များ၊ အ​ဖိုး​ထိုက်​သော​အ​ရာ​တို့​နှင့် မ​စ​ကြ၏။


ယေ​ရု​ရှ​လင်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဟာ​လေ​လု​ယ။


အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-


လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ